မြက်ရိတ်စက်ခိုး​ယူသွား​သည့်​ ဩစ​တြေး​လျ ​မွေး​မြူ​ရေး​ဥယျာဥ်မှ မိ​ကျောင်း​

alt

ဩစ​တြေး​လျနိုင်ငံ၊ တွား​သွား​တိရစ္ဆာန် ​မွေး​မြူ​ရေး​ ဥယျာဥ်တစ်ခုတွင် မိ​ကျောင်း​တစ်​ကောင်က မြက်ရိတ်စက်ကို ခိုး​ယူသွား​​ကြောင်း​ သိရသည်။

အဲဗစ်ဟု အမည်​ပေး​ထား​​သော ​ရေငန်မိ​ကျောင်း​ အထီး​သည် မြက်ရိတ်စက်ကို ကိုက်ချီကာ ​ရေထဲ ဆွဲချသွား​ခဲ့​သည်။ ဥယျာဥ်မှ မန်​နေဂျာဖြစ်သူ တင်​ဖော်နာက လူ ၃ ဦး​တို့​သည် အဲဗစ်၏ အသိုက်ထဲမှ မြက်ရိတ်စက်ကို ပြန်လည်ရယူခဲ့​ရ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ အဆိုပါ မိ​ကျောင်း​ကို ဆစ်ဒနီ ​မြောက်ပိုင်း​ရှိ ဥယျာဥ်ထဲတွင် ​မွေး​ထား​ခြင်း​ဖြစ်သည်။

အဲဗစ်သည် အရှည် ၁၆ ​ပေရှိပြီး​ ကိုယ်အ​လေး​ချိန် ၅၀၀ ကီလိုဂရမ်ရှိ​သော သတ္တဝါကြီး​ဖြစ်သည်။ “ကျွန်​တော်တို့​ ​တွေ့​​တော့​ မိ​ကျောင်း​က မြက်ရိတ်စက်ကို ​ခေါင်း​​ပေါ်တင်ထား​တာ။ ​နောက်ပြီး​ အဲဒီ စက်ကို ​ရေထဲလည်း​ ဆွဲချသွား​တယ်”ဟု ​ဖော်နာက ဆိုသည်။ အလုပ်သမား​များ​သည် အဆိုပါ မြက်ရိတ်စက်ကို ၀င်​ရောက်ယူငင်ချိန်တွင် အဲဗစ်၏ ၎င်း​၏ ကစား​စရာသစ်အား​ အလွယ်တကူ ပြန်​ပေး​ခြင်း​ မရှိဘဲ ဆွဲထား​​သေး​​ကြောင်း​ သိရသည်။ ​နောက်ဆုံး​တွင် အဲဗစ်အကြိုက် သား​ပိုက်​ကောင်သား​ကို ကန်တစ်ဖက်တွင် ချ​ပေး​ပြီး​မှ ၎င်း​အစား​ငမ်း​​နေချိန်တွင် အထဲဝင်ကာ မြက်ရိတ်စက်ကို ပြန်ယူခဲ့​ရသည်။

​ဖော်နာက ၎င်း​တို့​သည် မြက်ရိတ်စက်အနီး​တွင် အဲဗစ်၏ ၃ လက်မ အရှည်ရှိ​သော သွား​နှစ်​ချောင်း​ ကျွတ်​နေသည်ကို မြင်ခဲ့​ရ​ကြောင်း​လည်း​ ဆိုသည်။ မြက်ရိတ်စက်ကို အရပြန်ယူသည့်​ သည်း​ထိတ်ရင်ဖို စစ်ဆင်​ရေး​သည် မည်သည့်​ အထိအခိုက် အဆုံး​အရှုံး​မျှ မရှိဘဲ ​အောင်မြင်ပြီး​​မြောက်ခဲ့​​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here