​ကြောင်တစ်​ကောင် မီး​ကင်စား​သည့်​ တရုတ်ရဲအရာရှိများ​ အလုပ်ထုတ်ခံရမည့်​ အ​ရေး​ကြုံ

alt

တရုတ်နိုင်ငံတွင် ​ကြောင်တစ်​ကောင်ကို မီး​ကင်စား​မှု​ကြောင့်​ ရဲအရာရှိ ၁၀ ဦး​ အလုပ်ထုတ်ခံရမည့်​ အ​ရေး​နှင့်​ ကြံု​နေ​ကြောင်း​ သိရှိရသည်။

နိုင်ငံ​တောင်ပိုင်း​ ဂွမ်​ဒေါင်ရှိ ဒွမ်ဂန်း​ အရပ်တွင် ရဲများ​က ​ကြောင်ကို မီး​ကင်ကာ ဘာဘီကျူး​ လုပ်စား​ခဲ့​ခြင်း​ဖြစ်သည်။ ၎င်း​တို့​၏ ရက်စက်​သော လုပ်ရပ်ကို ပြည်သူ့​ လုံခြံု​ရေး​ ဗျူရို အ​ဆောက်အအုံ​ရှေ့​တွင်ပင် ​အေး​​အေး​လူလူ လုပ်ကိုင်​နေခြင်း​ ဖြစ်သည်။ မီး​ခိုး​များ​ ထွက်လာသည်ကို လူအများ​က ​တွေ့​ရှိပြီး​​နောက် လှမ်း​ကြည့်​ရာမှ ​ကြောင်ကင်လုပ်စား​​နေ​သော ရဲများ​ကို ​တွေ့​မြင်ခဲ့​ရသည်။ သတင်း​​ထောက် တစ်ဦး​က ​မေး​မြန်း​ရာ ရဲတစ်ဦး​က မိမိတို့​သည် လတ်တ​လောတွင် ​ကြောင်အ​ရေခွံကို ခွာရန် လုပ်ကိုင်​နေခြင်း​ဟုပင် ​ဖြေဆိုခဲ့​​သေး​သည်။

အချို့​ကမူ သတင်း​​ထောက် ​မေး​မြန်း​သည်ကို မ​ဖြေခဲ့​​ပေ။ အိမ်​မွေး​တိရစ္ဆာန် တစ်​ကောင်အ​ပေါ် ရက်စက်စွာ ပြုမူခြင်း​ကို နံ​ဘေး​နား​မှ ဖြတ်သွား​သည့်​ လူအများ​က ​ဒေါသထွက်ခဲ့​ပြီး​​နောက် ရဲများ​၏ လုပ်ရပ်က ​ဒေသခံ ရဲတပ်ဖွဲ့​ကို သိက္ခာကျ​စေ​ကြောင်း​ တိုင်ကြား​ခဲ့​သည်။ ​နောက်ပိုင်း​တွင် ပြည်သူ့​လုံခြံု​ရေး​ ဗျူရိုက ယခုဖြစ်ရပ်တွင် ရဲအရာရှိများ​ အမှန်တကယ် ပါ၀င်​ကြောင်း​ အတည်ပြုရန် စုံစမ်း​​နေဆဲဟု သတင်း​​ထောက်များ​ကို ​ပြောကြား​ခဲ့​ပြီး​ အ​သေး​စိတ် စုံစမ်း​မှုများ​ ပြုလုပ်​နေ​ကြောင်း​ သိရဥည်။

LEAVE A REPLY

Please enter your comment!
Please enter your name here