မိခင်ဖြစ်သူက သား​အရင်း​ကို တရား​စွဲဆို

alt

စင်္ကာပူ နိုင်ငံတွင် မိခင်တစ်ဦး​က သား​အရင်း​အား​ တရား​စွဲဆိုမှု ပြုလုပ်ခဲ့​​ကြောင်း​ သိရသည်။

သက်ကြီး​ပိုင်း​ အမျိုး​သမီး​ကြီး​သည် အိန္ဒိယသို့​ သွား​​ရောက်​နေစဥ် သား​ဖြစ်သူက သူမ၏ အခန်း​ ၄ ခန်း​ပါ တိုက်အိမ်ခန်း​ကို စင်္ကာပူ​ဒေါ်လာ ​လေး​သိန်း​ သုံး​​သောင်း​ဖြင့်​ ​ရောင်း​ချပစ်ခဲ့​သည်။

ထိုအ​ကြောင်း​ကို အသက် ရ၅ နှစ်အရွယ် နယ်လူကာကာရာ မိုဟာမက် အက်ဘဒူလာ ဖာတီမာ ဇာဟာရာ စင်္ကာပူ ပြန်လာချိန်တွင် သိရှိပြီး​​နောက် ​ဒေါသူပုန်ထကာ အသက် ၃၉ နှစ်အရွယ် သား​ဖြစ်သူ ဇူဖီကာ အလီ ကာပူကယ် အက်ဘဒူ ဝါဟက် ကာရှာမီရာကို တရား​စွဲဆိုခဲ့​​တော့​သည်။ ဇူဖီကာ အလီ၏ ​ရှေ့​​နေကမူ မိမိအမှုသည်၏ မိခင်သည် ယခင်ကတည်း​က ထိုတိုက်အိမ်ခန်း​ကို ​ရောင်း​ချရန် ဆန္ဒရှိခဲ့​​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

ထို့​အပြင် တိုက်ခန်း​ကို မိမိအမှုသည်နှင့်​ ညီငယ်တို့​ကို လွှဲ​ပေး​မည်ဟုလည်း​ ​ပြောဆိုထား​​ကြောင်း​ တုံ့​ပြန် ထွက်ဆိုခဲ့​သည်။ အမျိုး​သမီး​ကြီး​က တိုက်ခန်း​စာချုပ်များ​ကို သား​ထံ လွှဲအပ်​ကြောင်း​ ဧပြီလ ၁၆ ရက်​နေ့​က လက်မှတ်​ရေး​ထိုး​ခဲ့​​သော်လည်း​ ယင်း​သည် တိုက်ခန်း​ကို ​ရောင်း​ချခွင့်​​ပေး​ခြင်း​ မဟုတ်ဟု ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here