အ​မေရိကန်တွင် ဆန်တာက​လော့​စ်ဝတ်စုံဖြင့်​ လူသတ်မှုကျူး​လွန်

alt

ဆန်တာက​လော့​စ်၏ သတ်ဖြတ်မှု​ကြောင့်​ ခရစ္စမတ်တွင် ​သွေး​စွန်း​မှုများ​ ဖြစ်​ပေါ်လာ​ကြောင်း​ သိရသည်။

အ​မေရိကန်နိုင်ငံ၊ တက္ကဆက်တွင် ဆန်တာအဖြစ် ဝတ်ဆင်ထား​သူ တစ်ဦး​သည် မိသား​စုဝင် ၆ ဦး​ကို ​သေနတ်ဖြင့်​ ပစ်ခတ် သတ်ဖြတ်ခဲ့​သည်။ အဆိုပါ မိသား​စုများ​သည် ခရစ္စမတ် လက်​ဆောင်များ​ကို ဖွင့်​​ဖောက်​နေစဥ် စီး​နင်း​ပစ်ခတ် ခံရခြင်း​ဖြစ်သည်။ ဂရက်ပီဗိုင်း​ ​ဒေသခံ ရဲတပ်ဖွဲ့​က “ခရစ္စမတ်​နေ့​မှာ သူတို့​ စုရုံး​​နေကြတာပါ။

ခရစ္စမတ် သစ်ပင်လည်း​ ရှိ​နေတယ်။ ပြီး​​တော့​ ​သေသူ​တွေဟာ ပစ္စည်း​​တွေကို ဖွင့်​​နေတုန်း​ ခုလို အသတ်ခံရတာပါ”ဟု ​ပြောကြား​ခဲ့​သည်။ ရဲတပ်ဖွဲ့​သည် 911 ဖုန်း​​ခေါ်ဆိုမှု​ကြောင့်​ ထို​နေရာသို့​ ချက်ချင်း​ ​ရောက်လာခဲ့​​သော်လည်း​ ဖုန်း​​ခေါ်သူကို မ​တွေ့​ရှိရ​ချေ။ အများ​သုံး​ လိုင်း​တစ်ခုမှ ​ခေါ်ဆိုခဲ့​​သော အဆိုပါ ဖုန်း​လိုင်း​သည် ပြတ်​တောက်သွား​​ကြောင်း​ သိရသည်။

အသက် ၁၅ နှစ်မှ ၅၈ နှစ်ကြား​ မိသား​စုဝင်များ​ ​သေဆုံး​ခဲ့​ပြီး​ မိန်း​က​လေး​ ၂ ဦး​နှင့်​ ​ယောက်ျား​​လေး​ တစ်ဦး​မှာ အသက် ၁၈ နှစ်နှင့်​ ၂၀ ကြား​ အရွယ်မျှသာ ရှိဦး​မည်ဟု ဆိုသည်။ နှစ်ထပ် အ​ဆောက်အအုံ​လေး​တွင် ဖြစ်ပွား​ခဲ့​​သော ပစ်ခတ်မှုအတွက် ရင်ခွဲစစ်​ဆေး​မှု ရလဒ်များ​ကို ရဲများ​က ​စောင့်​​မျှော်​နေပြီး​ ယင်း​အ​တောအတွင်း​ အမည်များ​ကို မ​ကြေညာ​သေး​​ချေ။ ရဲများ​သည် တရား​ခံကို စုံစမ်း​မှုများ​ ပြုလုပ်​နေဆဲဖြစ်သည်။ လွန်ခဲ့​​သော ၃ နှစ်ကလည်း​ ခရစ္စမတ် အကြို​နေ့​တွင် ဆန်တာဝတ်စုံ ဝတ်ထား​သူ တစ်ဦး​က ပစ်သတ်မှု​ကြောင့်​ လူ ၈ ဦး​ ​သေဆုံး​ခဲ့​​သေး​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here