လိင်စိတ်​ဖြေ​နေသည်ကို ထိုင်ကြည့်​ရန်အတွက် ရင်း​ဂစ်​ငွေ ၆၀၀၀ ဖြင့်​ကမ်း​လှမ်း​

alt

အသက် ၂၁ နှစ်ရှိ အမျိုး​သမီး​ တစ်ဦး​အတွက် ထူး​ခြား​​သော အလုပ်အကိုင် ကမ်း​လှမ်း​မှု တစ်ခုအတွက် အံ့​ဩစရာ ဖြစ်ခဲ့​ရသည်။

သူမကို အမျိုး​သား​ တစ်ဦး​က လက်ဖြင့်​ လိင်စိတ်​ဖြေ​နေသည်ကို ထိုင်ကြည့်​​ပေး​ရန် ရင်း​ဂစ်​ငွေ ၆၀၀၀ ​ပေး​ကာ ကမ်း​လှမ်း​ခဲ့​​ကြောင်း​ သိရသည်။ ထိုအလုပ်အတွက် သူမကို ကိုယ်​ရေး​ လက်​ထောက်အဖြစ် ခန့်​အပ်ပြီး​ ကား​တစ်စင်း​နှင့်​ ​ဈေး​ဝယ်ခရီး​ အ​ထောက်အပံ့​ ဝန်​ဆောင်မှုများ​ပါ ပါ၀င်မည်ဟု ဆိုသည်။

သူမကို ထိုအမျိုး​သား​က အ​စောပိုင်း​တွင် စာ​ရေး​မ အလုပ်အတွက် တစ်လ ရင်း​ဂစ် ၁၂၀၀ ဖြင့်​ ကမ်း​လှမ်း​ခဲ့​​ကြောင်း​ ရူဘီဟု အမည်​ဖော်ပြသည့်​ အမျိုး​သမီး​က ဆိုသည်။ သူမက စိတ်ဝင်စား​ဟန် ပြ​သောအခါ အထက်ပါ နည်း​လမ်း​ဖြင့်​ ထူး​ဆန်း​​သော အလုပ်​နေရာအတွက် ကမ်း​လှမ်း​ခဲ့​ခြင်း​ဖြစ်သည်။ “အဲဒီလူက အသက် ၄၀ ​လောက်ရှိပြီ။ သူ့​ကိုယ်သူ ရူဒူအန်လို့​ မိတ်ဆက်တယ်။ ​

နောက်ပြီး​ ကုမ္ပဏီတစ်ခုပိုင်တဲ့​အ​ကြောင်း​၊ နိုင်ငံခြား​ အလုပ်သမား​​တွေ အလုပ်လုပ်​နေတဲ့​အ​ကြောင်း​လည်း​ ​ပြောတယ်”ဟု ရူဒီက ​ပြောကြား​သွား​သည်။ “ကျွန်မကို ရင်း​ဂစ် ၆၀၀၀ နဲ့​ ကိုယ်​ရေး​လက်​ထောက် ခန့်​ချင်တယ်လို့​ ​ပြောတယ်။ ​နောက်ပြီး​ လုပ်ရမယ့်​ တာဝန်တစ်ခုကို ​ပြောပြ​တော့​ ကျွန်မ လန့်​သွား​တယ်။ သူက လက်နဲ့​ လိင်စိတ်​ဖြေတာကို ကျွန်မက ထိုင်ကြည့်​ရမယ်တဲ့​​လေ။ ဒီကိစ္စအတွက် ကျွန်မကို သူက ဖုန်း​နဲ့​ ကမ်း​လှမ်း​ခဲ့​တာပါ”ဟု ရူဘီက ​ပြောဆိုသွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here