က​လေး​နှစ်ဦး​ကို သံကြိုး​ခတ်ကာ အိမ်သာထဲပိတ်​လှောင်ထား​သည့်​ မ​လေး​ရှား​အမျိုး​သား​

alt

က​လေး​ငယ် နှစ်ဦး​ကို သံကြိုး​ခတ်ပြီး​ အိမ်သာထဲတွင် ပိတ်​လှောင်ထား​သူ အမျိုး​သား​ တစ်ဦး​အား​ မ​လေး​ရှား​ ရဲတပ်ဖွဲ့​က ဖမ်း​ဆီး​လိုက်သည်။

ဂျာလန်ရာဂျာ အူဒါရှိ တာမန်မာဝါ အရပ်တွင် ​နေထိုင်သူ အသက် ၄၀ ​ကျော်အရွယ် အမျိုး​သား​သည် ၆ နှစ်အရွယ် သမီး​နှင့်​ ၂ နှစ်အရွယ် သား​ငယ်တို့​ကို သတ္တုကြိုး​ တစ်ခုဖြင့်​ အိမ်သာထဲတွင် ခတ်ထား​ခဲ့​​ကြောင်း​ ရဲတပ်ဖွဲ့​ ​ပြော​ရေး​ဆိုခွင့်​ရ အရာရှိ ဇူကီဖလီက ​ပြောကြား​ခဲ့​သည်။ ထို​မောင်နှမသည် ဖခင်ဖြစ်သူ ပြန်မလာမချင်း​ ၅ နာရီမျှကြာ​အောင် အစာ​ရေစာ ငတ်မွတ်​နေခဲ့​သည်။ ထိုအမျိုး​သား​သည် ထိုင်း​နိုင်ငံသူ ဇနီး​သည်နှင့်​ ကွာရှင်း​ပြတ်စဲထား​ပြီး​​နောက် က​လေး​ ၂ ဦး​နှင့်​ သီး​ခြား​​နေထိုင်လျက်ရှိသည်။

ဇူကီဖလီက က​လေး​များ​ကို ​တွေ့​ရှိချိန်တွင် ဗိုက်ဆာသဖြင့်​ အား​ယုတ်​နေဟန်ရှိပြီး​ ​ခြေ​ထောက်တွင် သံကြိုး​များ​ တပ်ထား​​ကြောင်း​ ​ပြောဆိုခဲ့​သည်။ က​လေး​အ​ဖေကို ရဲများ​က ဖမ်း​ဆီး​လိုက်ချိန်တွင် ၎င်း​က မိမိတွင် က​လေး​ထိန်း​စရိတ် မတတ်နိုင်သလို က​လေး​ ၂ ဦး​ကလည်း​ အလွန်ဆိုး​သွမ်း​သဖြင့်​ ယခုလို သံကြိုး​ခတ်ထား​ခြင်း​ဟု ​ပြောကြား​ခဲ့​သည်။

အိမ်နီး​ချင်း​များ​က က​လေး​များ​၏ ငိုသံကို ကြား​သဖြင့်​ သွား​​ရောက်ကြည့်​ရှုရာမှ သံကြိုး​ခတ်လျက်သား​ ​တွေ့​မြင်ရပြီး​​နောက် ရဲထံ ဖုန်း​ဆက် တိုင်ကြား​ခဲ့​ခြင်း​ဖြစ်​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here