​ဟောလီး​ဝုဒ်စုံတွဲသစ် ဘရက်ဒ​လေနှင့်​ ဆယ်ဒါနာ

alt

ဘရက်ဒ​လေကူး​ပါး​နှင့်​ ဇိုး​ဆယ်ဒါနာတို့​သည် ​ဟောလီး​ဝုဒ်၏ Hotဖြစ်​သော စုံတွဲသစ်အဖြစ် ထွက်​ပေါ်လာခဲ့​ပြီဖြစ်သည်။

အဆိုပါ ​ဟောလီး​ဝုဒ် ကြယ်ပွင့်​နှစ်ဦး​သည် The Words ဇာတ်ကား​ကို အတူရိုက်ကူး​ရင်း​ ​ရေစက်ဆုံလာခြင်း​ဟု သတင်း​များ​က ဆိုသည်။ The A-Teamစတား​ ကူး​ပါး​သည် ၂၀၁၁ ခုနှစ်အတွက် ဆွဲ​ဆောင်အား​ အပြင်း​ပြဆုံး​ အမျိုး​သား​အဖြစ် Peopleမဂ္ဂဇင်း​၏ သတ်မှတ်​ရွေး​ချယ်မှုကို ခံထား​ရသည်။

Avatarဇာတ်​ဆောင် မင်း​သမီး​ ဆယ်ဒါနာသည် ၁၁ နှစ်လုံး​လုံး​ တွဲလာသည့်​ ချစ်သူ ကိသ်ဘရစ်တန်နှင့်​ လမ်း​ခွဲပြီး​​နောက် ကူး​ပါး​နှင့်​ ရင်း​နှီး​မှု ပိုမိုလာခြင်း​ဖြစ်​ကြောင်း​ နီး​စပ်သူများ​က ဆိုသည်။ ၎င်း​တို့​နှစ်ဦး​သည် ခရစ္စမတ် ကာလများ​အတွင်း​ နယူး​​ယောက်မြို့​ နိုက်ကလပ်တစ်ခုတွင် ​ပျော်ရွှင်ကြည်နူး​​နေသည်ကိုလည်း​ မျက်မြင် အများ​အပြား​က ​တွေ့​ရှိခဲ့​သည်။

E! Onlineက ယခုအခါ ကူး​ပါး​နှင့်​ ဆယ်ဒါနာတို့​သည် ယင်း​တို့​၏ ဆက်ဆံ​ရေး​နှင့်​ ပတ်သက်ပြီး​ ရင်း​နှီး​သူ မိတ်​ဆွေများ​၊ မိသား​စုဝင်များ​ကို အတည်ပြု ဖွင့်​​ပြောထား​​ကြောင်း​လည်း​ ​ဖော်ပြသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here