Tarzan ဇာတ်ကား​များ​တွင် ပါဝင်ခဲ့​သည့်​ ချင်ပန်ဇီ​မျောက်ဝံကြီး​ ​သေဆုံး​

alt

Tarzan ဇာတ်ကား​များ​တွင် ပါ၀င်ခဲ့​ဖူး​သည့်​ ချင်ပန်ဇီမျောက်ဝံကြီး​မှာ ယခုအခါ အသက် ၈၀ အရွယ်တွင် ​သေဆုံး​သွား​ရှာပြီဖြစ်သည်။

ချီတာဟု အမည်​ပေး​ထား​​သော လိမ္မာယဥ်ပါး​လှသည့်​ ​မျောက်ဝံကြီး​သည် ၁၉၃၀ ပြည့်​လွန်နှစ်များ​က ရိုက်ကူး​သည့်​ Tarzanဇာတ်ကား​တွင် ပါ၀င်ခဲ့​သည်။ ၎င်း​သည် ဖ​လော်ရီဒါရှိ တိရစ္ဆာန် ပြုစု​စောင့်​​ရှောက်​ရေး​ စခန်း​တစ်ခုတွင် ​သေဆုံး​သွား​ရှာခြင်း​ ဖြစ်သည်။ အသက်အရွယ် ကြီး​ရင့်​​နေ​သော တိရစ္ဆာန်များ​ကို ​စောင့်​​ရှောက်​ပေး​​နေသည့်​ စခန်း​က ချီတာသည် ဒီဇင်ဘာ ၂၄ ရက်​နေ့​က ​ကျောက်ကပ်​ရောဂါ​ကြောင့်​ ကွယ်လွန်​ကြောင်း​ ​ကြေညာခဲ့​သည်။

ချီတာသည် အ​မေရိကန် အိုလံပစ် ​ရွှေတံဆိပ်ဆုရှင် ​ရေကူး​ သမား​ ဂျွန်နီ ဝီဆီမြူလာ သရုပ်​ဆောင်ခဲ့​သည့်​ Tarzan ဇာတ်ကား​တွင် အ​ရေး​ပါ​သော ဇာတ်ပို့​ဇာတ်ရံအဖြစ် ပံ့​ပိုး​ခဲ့​သည်။ တိရစ္ဆာန် ထိန်း​သိမ်း​​ရေး​ စခန်း​မှ တာဝန်ရှိသူများ​က ​ဘေး​မဲ့​​တောတစ်ခုအဖြစ် ဖန်တီး​ထား​​သော အဆိုပါ စခန်း​သို့​ ၁၉၆၀ ပြည့်​နှစ်များ​ ဝန်း​ကျင်က ​ရောက်လာပြီး​​နောက် ​ပျော်ရွှင်စွာ ရှိ​နေခဲ့​​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

ထို့​အပြင် ချင်ပန်ဇီ ​မျောက်ဝံကြီး​သည် အ​နေ​အေး​သူဖြစ်ပြီး​ ပြဿနာ ရှာ​လေ့​ မရှိ​ကြောင်း​လည်း​ စခန်း​မှ အုပ်ချုပ်သူများ​က ဆိုသည်။ သို့​​သော်လည်း​ ၎င်း​မကြိုက်သည့်​ အပြုအမူမျိုး​ ပြုလုပ်မိပါက ချီတာက မစင်တုံး​များ​ဖြင့်​ ​ကောက်​ပေါက်ကာ ဆန္ဒပြ​လေ့​ရှိ​ကြောင်း​ အဆိုပါ စခန်း​မှ ​စေတနာ့​ဝန်ထမ်း​ ရွန်ပရိစ်က ​ ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here