ပါပူအာ နယူး​ဂီနီတွင် အမျိုး​သား​တစ်ဦး​၏ ကပ္ပယ်အိတ်အား​ ငါတစ်​ကောင်က ကိုက်ဖြတ်

alt

အမျိုး​သား​ တစ်ဦး​၏ လိင်အင်္ဂါမှ ကပ္ပယ်အိတ်ကို ငါး​တစ်​ကောင်က ကိုက်ဖြတ်သွား​​သော မြင်ကွင်း​မျိုး​သည် ​ကြောက်မက်ဖွယ် ရုပ်ရှင် ဇာတ်ကား​များ​တွင်သာ ​တွေ့​ရဖွယ် ရှိ​နေသည်။

သို့​​သော်လည်း​ ထိုဖြစ်ရပ်မျိုး​ ပါပူအာ နယူး​ ဂီနီတွင် အမှန်တကယ် ရှိ​နေခဲ့​သည်။ ​ပေါင် ၄၀ အ​လေး​ချိန်ရှိ​သော ပါကူ (​ဘောဖြတ်ငါး​) အမည်ရှိ ငါး​မျိုး​နွယ်သည် ​ဒေသခံ တံငါသည် ၂ ဦး​၏ ​ဝှေး​​စေ့​များ​ကို ကိုက်ဖြတ်သွား​ခဲ့​သည်။ ယင်း​ငါး​ကို ဇီဝ​ဗေဒ ​ကျောင်း​ဆရာ​ ဟောင်း​ တစ်ဦး​ဖြစ်သည့်​ ဗြိတိန်နိုင်ငံသား​ ဂျရမီဝဒ်က ဖမ်း​ဆီး​ရမိခဲ့​သည်။

“တံငါသည် နှစ်​ယောက်လုံး​ဟာ ​သွေး​ထွက်လွန်ပြီး​ ​သေခဲ့​ကြတယ်။ ​ဒေသခံ​တွေက ဒီလိုလုပ်နိုင်တာဟာ ​ရေထဲမှာ လူတစ်​ယောက် ဆင်း​ပြီး​​တော့​ ပုန်း​​နေလို့​ ဖြစ်မယ်လို့​​တောင် ကျွန်​တော့်​ကို ​ပြောကြာတယ်။ တံငါသည်​တွေရဲ့​ ​ဝှေး​​စေ့​​တွေကိုချည်း​ ဖြတ်သွား​တာကိုး​။

သူတို့​က အဖြစ်မှန်ကို မသိကြဘူး​”ဟု ဝဒ်က ဆိုသည်။ “ကျွန်​တော်က​တော့​ ဒါဟာ ငါး​လက်ချက်လို့​ပဲ ​ တွေး​မိတယ်။ ဒါ​ကြောင့်​ ကျွန်​တော် အချိန်ယူပြီး​ ဖမ်း​ခဲ့​တာပါ။ ခု​တော့​ တစ်​ကောင်မိပြီ။ ဒါမျိုး​ ရှိ​သေး​လား​ မသိဘူး​။ သူ့​ရဲ့​ ပါး​စပ်က လူနဲ့​တူပြီး​ သွား​​တွေကလည်း​ ညီ​နေတာ ​တွေ့​ရမှာပါ”ဟု ၎င်း​က ဆက်လက် ​ ပြောဆိုသွား​သည်။ ထို့​အပြင် ငါး​၏ ​မေး​ရိုး​များ​မှာ အလွန်သန်မာပြီး​ လူသား​ကပ္ပယ်အိတ်ကို တိတိရိရိ ကိုက်ဖြတ်နိုင်စွမ်း​ ရှိ​ကြောင်း​လည်း​ အသက် ၅၃ နှစ်ရှိ ဝဒ်က ရှင်း​ပြသွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here