အ​မေရိကန်တွင် ​နေ့​က​လေး​ထိန်း​အမျိုး​သား​က ၉ နှစ်အရွယ် မိန်း​က​လေး​အား​သတ်ဖြတ်

alt

အ​မေရိကန်တွင် အခ​ကြေး​​ငွေဖြင့်​ ​နေ့​က​လေး​ထိန်း​ ဝန်​ဆောင်မှု​ပေး​​သော အမျိုး​သား​ တစ်ဦး​က ၉ နှစ်အရွယ် မိန်း​က​လေး​ တစ်ဦး​ကို သတ်ဖြတ်ကာ သူမ၏ ခန္ဓာကိုယ်အား​ ဖြတ်​တောက်ခဲ့​​ ကြောင်း​ ဝန်ခံခဲ့​သည်။

ခရစ္စမတ် ရုံး​ပိတ်ရက်အတွင်း​က အသက် ၃၉ နှစ်ရှိ မိုက်ကယ် ပလာမာ​ဒေါသည် မိန်း​က​လေး​ကို သတ်ဖြတ်ပစ်ခဲ့​ခြင်း​ဖြစ်သည်။ မိန်း​က​လေး​၏ မိခင်ဖြစ်သူ တာရာဆူဒါက ထိုကိစ္စကို ရဲများ​အား​ တိုင်ကြား​ခဲ့​ရာ ရဲတပ်ဖွဲ့​က ဝရမ်း​ထုတ်ပြီး​ ပလာမာ​ဒေါ၏ ​ရွေ့​လျား​နိုင်သည့်​ ထ​ရေလာအိမ်ကို ၀င်​ရောက် ရှာ​ဖွေခဲ့​သည်။ ထိုအခါ မိန်း​က​လေး​၏ ခန္ဓာကိုယ် အပိုင်း​ အစများ​ကို အ​အေး​ခံစက်ထဲ ဝှက်ထား​​ကြောင်း​ ​တွေ့​ရှိခဲ့​သည်။ ​နောက်ပိုင်း​တွင် လူသတ်သမား​က မိန်း​က​လေး​ အလီဟာနာ လီမွန်နတ်ကို အုတ်ခဲဖြင့်​ ထုသတ်ပြီး​ လွှတစ်စင်း​ဖြင့်​ ခန္ဓာကိုယ် အစိတ်အပိုင်း​များ​ကို ဖြတ်​တောက်ကာ အ​လောင်း​​ဖျောက်ဖျက်ရန် ကြိုး​စား​ခဲ့​​ကြောင်း​ ဝန်ခံခဲ့​သည်။ ရဲတပ်ဖွဲ့​က ရှာ​ဖွေ​သောအခါ အမှိုက်ပုံတစ်ခုအတွင်း​ ဝှက်ထား​သည့်​ အ​အေး​ခံစက်ကို ၎င်း​က ပြသခဲ့​သည်။

အလီယာနာသည် အိမ်အပြင်ထွက်သွား​ပြီး​​နောက် အဆိုပါ ထ​ရေလာ ​နောက်တွဲအိမ်အနီး​တွင် ​ပျောက်ဆုံး​​နေသဖြင့်​ အ​ရေး​​ပေါ် ကယ်ဆယ်​ရေး​လုပ်သား​ ၁၀၀ ​ကျော်က အနီး​ တဝိုက်တွင် ရှာ​ဖွေခဲ့​​သေး​သည်။ ပလာမာ​ဒေါ၏ မိတ်​ဆွေတစ်ဦး​ဖြစ်​သော ​ပေါ်လက်တာဟဲက ဖြစ်စဥ်ကို မယုံကြည်နိုင်​အောင် အံ့​ဩမိ​ကြောင်း​ APသို့​ ​ကြောကြား​ခဲ့​သည်။ “တကယ်မဟုတ်ဘူး​လို့​ ကျွန်​တော် ​တွေး​​နေ​ပေမယ့်​ ဒါက ငြင်း​မရပါဘူး​။ သူဟာ က​လေး​တစ်​ယောက်ကို သတ်ပစ်မယ်လို့​ လုံး​၀ မထင်ခဲ့​ဘူး​”ဟု ၎င်း​ကဆိုသည်။

FBI ​အေး​ဂျင့်​များ​က လူသတ်မှု အ​ကြောင်း​ရင်း​နှင့်​ ပတ်သက်ပြီး​ စုံစမ်း​​နေဆဲဟု ဆိုသည်။ ထ​ရေလာ ​နောက်တွဲယာဥ်များ​ဖြင့်​ ထား​ရှိ​သော အဆိုပါ ခြံအတွင်း​တွင် ယခင်က လိင်ပိုင်း​ဆိုင်ရာ ​ဖောက်ပြန်​ကြောင်း​ မှတ်တမ်း​ရှိဖူး​သူ ၁၅ ဦး​မျှ ​နေထိုင်​ ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here