L’Oreal နှင့​် ချယ်ရီကိုး​တို့​ ပူး​​ပေါင်း​၍ နှုတ်ခမ်း​ဆိုး​​ဆေး​​တောင့်​ ထုတ်လုပ်ရန်စီစဥ်

alt

L’Orealနှင့်​ ချယ်ရီကိုး​လ်တို့​ ပူး​​ပေါင်း​ပြီး​ Limited Edition နှုတ်ခမ်း​ဆိုး​​ဆေး​​တောင့်​များ​ ထုတ်လုပ်ရန် စီစဥ်​နေ​ကြောင်း​ သိရှိရသည်။

Red Passionဟု အမည်​ပေး​ထား​​သော နှုတ်ခမ်း​နီ​တောင့်​ များ​ကို အ​ရောင်တစ်မျိုး​စီအတွက် ဗြိတိန်​ငွေ တစ်​ပေါင်စီဖြင့်​ ​ရောင်း​ချမည်ဖြစ်ပြီး​ ယင်း​မှ ရရှိလာသည့်​ ​ငွေများ​ကို ချယ်ရီ၏ ​ဖောင်​ဒေး​ရှင်း​ဖြစ်​သော The Prince’s Trustသို့​ လှူဒါန်း​ မည်ဖြစ်သည်။ အသက် ၂၈ နှစ်ရှိ Popဂီတ အဆို​တော်မ​လေး​သည် အဆိုပါ ​ဖောင်​ဒေး​ရှင်း​ကို လူမျိုး​​ရေး​ ခွဲခြား​မှု တိုက်ဖျက်​ရေး​အတွက် ထူ​ထောင်ထား​ခြင်း​ဖြစ်သည်။

သူမက “LiOrealနဲ့​ တွဲဖက်ပြီး​​တော့​ နှုတ်ခမ်း​နီ​တောင့်​​တွေ ဖန်တီး​ပြီး​ ခုလိုမျိုး​ ရန်ပုံ​ငွေ ရှာရတဲ့​ ခံစား​ချက်က ထူး​ခြား​ပါတယ်။ ကျွန်မအ​နေနဲ့​ ကမ္ဘာ​ပေါ်မှာ ကွဲပြား​တဲ့​ လူမျိုး​စု​တွေ တူညီတဲ့​ အခွင့်​အ​ရေး​မျိုး​နဲ့​ ရပ်တည်​နေနိုင်ဖို့​ ကြိုး​စား​သွား​မှာပါ”ဟု ​ပြောကြား​ခဲ့​သည်။

ထို့​အပြင် ချယ်ရီက သူမသည် နှုတ်ခမ်း​နီ ဆိုး​ရခြင်း​ကို နှစ်သက်သူ တစ်ဦး​ဖြစ်ပြီး​ နှုတ်ခမ်း​နီ ဆိုး​ထား​ပါက မိမိကိုယ်ကိုယ် ပိုမိုလှပသွား​သည်ဟု ခံစား​ရတတ်​ကြောင်း​လည်း​ ဆိုသည်။ သူမက သွား​​လေရာတွင် နှုတ်ခမ်း​နီ​တောင့်​ကို အိတ်ထဲ အမြဲတမ်း​ထည့်​ကာ ယူ​ဆောင်သွား​​လေ့​ရှိ​ကြောင်း​လည်း​ ထုတ်​ဖော် ​ ပြောကြား​သွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here