​ခွေး​တစ်​ကောင်ကို လိင်ပိုင်း​ဆိုင်ရာ ​စော်ကား​မှု​ကြောင့်​ ​ထောင် ၁၀ နှစ်ကျ

alt

​ခွေး​တစ်​ကောင်ကို လိင်ပိုင်း​ဆိုင်ရာ ပြုကျင့်​ ​စော်ကား​မှု​ကြောင့်​ အမျိုး​သား​တစ်ဦး​ ​ထောင် ၁ဝ နှစ် ကျသွား​​ကြောင်း​ သိရသည်။

အသက် ​ဖော်ပြမထား​သည့်​ ​ရောဘတ် အက်ဒွပ် ဒီရှီး​သည် ချီဟွာဟွာ ​ခွေး​​လေး​တစ်​ကောင်ကို လိင်ပိုင်း​ဆိုင်ရာ ပြုကျင့်​​စော်ကား​​ကြောင်း​ စွဲချက်တင်ခံရသည်။ ဘီး​တပ် ကုလား​ထိုင်ဖြင့်​ သွား​လာ​နေရပြီး​ ​တောင်ပိုင်း​ ဆက်ကရာမင်တိုတွင် ​နေထိုင်သည့်​ ဒီရှီး​သည် မတ်လအတွင်း​က ၈ လအရွယ် ​ခွေး​​လေး​ကို လိင်ပိုင်း​ဆိုင်ရာ ပြုကျင့်​ နှိပ်စက်ထား​​ကြောင်း​ ပိုင်ရှင်များ​က ​တွေ့​ရှိခဲ့​သည်။

​ခွေး​​လေး​မှာ အသက်ယဲ့​ယဲ့​သာ ကျန်​တော့​ပြီး​ နာကျင်​နေကာ အလွန်အမင်း​လည်း​ ထိတ်လန့်​လျက်ရှိသည်။ ​နောက်ပိုင်း​တွင် ဒီရှီး​အား​ တိရစ္ဆာန် ညှင်း​ပန်း​နှိပ်စက်မှု၊ လိင်အကြမ်း​ဖက်မှုများ​ဖြင့်​ တရား​စွဲဆိုခဲ့​သည်။ ဒီရှီး​သည် ဘဝတစ်သက်တာလုံး​ လိင်ပိုင်း​ဆိုင်ရာ စိုး​ရိမ်ရ​သော အကြမ်း​ဖက်တတ်သူ အဖြစ်လည်း​ မှတ်တမ်း​တင် ခံထား​ရသည်။

၎င်း​သည် ​ထောင်ဒဏ်ကို စတင်မကျခံရမီ ကာလအတွင်း​ ​ကျောင်း​များ​နှင့်​ ​ဝေး​​ဝေး​ ​နေရမည်ဖြစ်ပြီး​ သွား​ရာ​နေရာကို ​ခြေရာခံနိုင်သည့်​ အီလက်ထ​ရောနစ် ​ထောက်လှမ်း​​ရေး​ ကိရိယာကိုလည်း​ ဝတ်ဆင်ထား​ရမည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here