အရပ်ထဲက ဗြုတ်စဗြဲ​တောင်း​ ( ၅ )

အခုတ​လော ကိုရင်​လွန်းမောင်လည်း​ နှစ်သစ်က​လေး​များ​ ​ပျော်ရွှင်ရမလား​ရယ်လို့​ ​မျှော်တလင့်​လင်နဲ့​ ​နေလာခဲ့​တာ ခု​တော့​လည်း​ ​မောပြန်ရ​ပေါ့​…

အတာမကူး​ပေမယ့်​ ချမ်း​ချမ်း​အေး​အေး​နဲ့​ သိုး​ဆောင်း​တို့​ရဲ့​ နှစ်ကူး​မှာ​တော့​ အမျိုး​ဂုဏ်တိုး​လေမလား​ရယ်လို့​ ​ဖေး​ကာ ဖာကာနဲ့​ စက္ခူပရိသတ်ကြီး​ကို ​အေး​ချမ်း​စေလို​ပေမယ့်​ ခုများ​တော့​လေပါပဲကွယ်ရို့​…။

တို့​သမ္မတကြီး​များ​ တိုင်း​ပြည်​လေး​များ​ ငြိမ်း​ချမ်း​လေမလား​ရယ်လို့​ ငြိမ်း​ချမ်း​ရေး​တွေ ​ပြော၊​ လက်နက်ကိုင်​တွေကို စည်း​ရုံး​နဲ့​ လုပ်​နေပြန်​တော့​ တမျိုး​ ဝမ်း​သာရပြန်​ရော… (ဒီကား​…စကား​ချပ်)

စည်​တော်သံ ငြိမ့်​ငြိမ့်​ညောင်း​နဲ့​ ​ငွေထုပ်ကိုယ်စီ ပိုက်ပြီး​ အများ​က ​ရွေး​ချယ်ပါတယ်ဆိုတဲ့​ လွှတ်​တော်အမတ်​တွေ၊​ ဝန်ကြီး​ချုပ်​တွေကို လွှတ်လို့​ တို့​ပြည်​မြောက်ဖျား​ ကချင်ပြည်နယ်ကို သွား​ကူရင်း​နဲ့​ တဒက်ဒက်နဲ့​ ​သေနတ်သံ ပိတ်ခိုင်း​လိုက်ပါပြီတဲ့​…။ ​ကျေး​ဇူး​တော် အထူး​တင်ပါ့​ သမ္မတရယ်…

ဒါ​ပေမဲ့​လည်း​ နှစ်ကူး​တိုင်း​လုပ်​လေ့​ လုပ်ထရှိတဲ့​ ​ဖောက်လိုက်တဲ့​ ​ဗျောက်၊​ ထုလိုက်တဲ့​ ဘင်ဆိုလို ​သေနတ်သံ၊​ အ​မြောက်သံက​တော့​ နှစ်သစ်နဲ့​အပြိုင် ကျဲ​နေတုန်း​ပါကလား​ကွယ်ရို့​…။

အင်း​…ယမ်း​စော်နံ၊​ ​သေနတ်သံ ညံတဲ့​ ကချင်ပြည်နယ်ကို မျက်ကွယ်ပြုလို့​ အ​ရှေ့​ဘက်တ​ကြော စင်တာခ​ရော့​ခ်လို ခရီး​နှင်​လေဦး​မှ…

အင်း​…ပအို့​ဝ်ကို တဖုံ၊​ ရှမ်း​ကို တနည်း​၊​ ကရင်ကို တသွယ်၊​ မွန်ကို တမျိုး​နဲ့​ ဝိုင်း​ဝိုင်း​လည်​နေတာ ဘယ်သူ​တွေတုန်း​ဗျ…

​အောင်မ​လေး​ဗျ…မြန်မာပြည်ရဲ့​ ပညာတတ်ပါလို့​ အများ​က ရွဲ့​ခေါ် သမုတ်​တော်မူတဲ့​ မြန်မာ့​ထွက်ရပ်​ပေါက် ဂိုဏ်း​သား​များ​ပါလား​…

လူစာရင်း​ချရရင်ဖြင့်​ အာရှတ​ကြော တက္ကသိုလ်များ​က ​ဒေါက်တာ​ကျော်ရင်လှိုင်၊​ ​ယေး​လ်တက္ကသိုလ်က ထွက်ပါတယ်ဆိုတဲ့​ ​ဒေါက်တာ​နေဝင်း​မောင်၊​ နာမည်သိပ်မထွက်​ပေမယ့်​ ငါး​မွေး​ရင် အစိုး​ရအလိုကျ သုံး​ပြ​ဖျော်​ဖြေခံ​နေတဲ့​ တီလား​ဗီး​ယား​ တင်​မောင်သန်း​နဲ့​ ဟိုနည်း​နည်း​ ဒီနည်း​နည်း​နဲ့​ ကျဲကျဲဝိုင်း​လေတဲ့​ ဦး​လှ​မောင်​ရွှေတို့​ တသိုက်ပါလား​…။

အယ်…ဒါတင်လား​ မဟုတ်ဘူး​ရယ်…။ ပညာတတ်ဆိုပါ​ပေတဲ့​ အီး​ရှုဘား​မား​က ဟန်​ညောင်​ဝေ​ကော ပါပါလား​…။

ဘာအ​ရေး​ကြောင့်​များ​ အ​ရှေ့​ဘက်တခွင် လှည့်​လည်ရင်း​ ခရစ်စမတ် လက်​ဆောင်​ပေး​နေသတုန်း​…စပ်စုဦး​စို့​ကွဲ့​ ပရိသတ်​ရေ…။

“အင်”

“အင်” တလုံး​သာ အသံထွက်လို့​ ကိုရင်လွန်း​မောင် ပက်လက်လန်ပြီဗျ…

​အောင်​သောင်း​နဲ့​ ​အောင်မင်း​တို့​ မလုပ်နိုင်တာကိုများ​ ဒင်း​တို့​က စွမ်း​ဆောင်​နေတာတဲ့​ဗျ…။ ပဏာမအဆင့်​ ငြိမ်း​ချမ်း​ရေး​အတွက် ဝင်ပြီး​ ​စေ့​စပ်​နေပုံများ​ အဆင်ကို ​ပြေလို့​…။

Egress ကို​ထောင်၊​ လူငယ်​တွေ ​မွေး​၊​ ​ရွေး​ကောက်ပွဲမှာ အား​ပေး​ထောက်ခံလို့​ ခဏခဏ ဆဲခံ​နေရတဲ့​သူ​တွေက ခု​တော့​ ဟုတ်​နေပါလား​…။ ဒီတခါ​ဖောက်တဲ့​လမ်း​ ကြက်ကန်း​နဲ့​ ဆန်အိုး​နဲ့​ ​တွေ့​တာပဲ…။ ရှမ်း​တောင်မှာ ဝင်ပါလိုက်ကတည်း​က အဆင်​ပြေလိုက်ပြန်​တော့​ ခု​နောက်ပိုင်း​ ငြိမ်း​ချမ်း​ရေး​အဖွဲ့​ကို ပညာရှင်​တွေကများ​ ဦး​ဆောင်​လေသလား​လို့​ အသံ​တွေက ထွက်လာပြန်​ကော…။ ကဲ…ထား​ချေ​တော့​…။

အာ…ပြီး​သေး​ဘူး​ရယ်…။ ဒီလူ​တွေ ဝင်ပါတာ ရိုး​များ​ ရိုး​ရဲ့​လား​လို့​ ပြန်​တွေး​လိုက်ပြန်ရင်​တော့​…။

ကဲ…​တော်​ချေပြီကွယ်…မြန်မာ့​ထွက်ရပ်ဂိုဏ်း​အ​ကြောင်း​ ဆက်​ပြောရင်ဖြင့်​ တမင်တကာများ​ အပြစ်​ပြော​နေသလား​ ဆိုပြီး​ ကိုရင်လွန်း​မောင်ကို ပြစ်တင်​ချေ​ရော့​မယ်…အများ​အကျိုး​မျှော်လို့​ ကုသိုလ်​တော်​ရေး​ သတင်း​ပေး​နေတဲ့​ ကိုရင်လွန်း​မောင် တခြား​ ​ပြောင်း​ချေဦး​စို့​…။

ပြည်တွင်း​ထဲကို လက်တဆုံး​ မဟုတ်​ပေမယ့်​ ခဏ​လေး​ တို့​ကြည့်​ဦး​ရင်ဖြင့်​ စက္ခုပရိသတ်ကြီး​ကို မငြိုငြင်​စေချင်ဘူး​ရယ်…။

ခုတ​လော NLD နဲ့​ ပူး​ပေါင်း​တယ် မဟုတ်​ပေမယ့်​ တစွန်း​တစရယ် ပူး​တွဲ​နေပြန်တဲ့​ ကိုဇာဂနာက အထုတ်​ဖြေလိုက်​တော့​ နာသူက နာ၊​ ​တွေး​သူက ​တွေး​နဲ့​ ​ရေး​သူ​တွေလည်း​ ​ရေး​လာပြန်​ရောဗျို့​…

NLD မှာ ပညာတတ် မရှိဘူး​ရယ်လို့​ ပြည်ပကို ထုတ်လိုက်တဲ့​ စကား​ NLD ဘာလုပ်လုပ် အဟုတ်မြင်၊​ အ​ကောင်း​ထင်သူ​တွေက စာအုပ်မျက်နှာမှာ တိုင်မယ်၊​ တိုင်မယ်၊​ တိုင်မယ်နဲ့​ ​ရေး​နေတာများ​ ကိုရင်လွန်း​မောင်လည်း​ လက်ယား​လွန်း​လို့​ ကိုမန့်​လေး​ တချက်​တော့​ ​ပေး​လိုက်ရဲ့​…

လူရွှင်​တော်ပါး​စပ် အမှန်ထွက်ဆိုရ​လောက်​အောင် အစွမ်း​ထက်ပါ​ပေ့​ဆိုတဲ့​ ကိုဇာဂနာ စကား​ အလကား​တော့​ ဟုတ်​ချေတန်ရဲ့​…။ ဒီ​တော့​ ပြန်လည် စိစစ်လိုက်ရင်ဖြင့်​ မှား​တယ်ဆိုရင် ကိုဇာဂနာ့​ခေါင်း​ နာနာသာ ​ခေါက်လိုက်လို့​။ ပါး​စပ်ကို​တော့​ ပိတ်မရိုက်နဲ့​။ ဘာလို့​ဆို​တော့​ အစိုး​ရက ရိုက်လို့​ သွား​တွေက ရှိ​တော့​တာ မဟုတ်တာ…။

ဒီလို​လေး​များ​ မှတ်ချက်​ပေး​လိုက်ပြန်​တော့​ စာအုပ်မျက်နှာမှာ Like လိုက်ကြပုံများ​ ကိုရင်လွန်း​မောင် ဘဝင်ထိပဲ…

အယ်…ဒါတင်ရယ်လား​လို့​…ပညာတတ်​တွေ နည်း​ပါး​နေတဲ့​ NLD ကိုဖြင့်​ မြန်မာ့​ထွက်ရပ်ဂိုဏ်း​က ပညာတတ်​တွေလည်း​ ဖိတ်ချင်ပါတယ်ဆိုပြီး​ တိုင်တလုံး​ ငါး​မတ်တို့​က တုံ့​ပြန်ပါပ​ကောဗျ…

ဒီ့​မတိုင်ခင်ကလည်း​ အာရှပတ် ​ကျော်ရင်လှိုင်က NLD ကို စာပြ​ပေး​ဖို့​ ကမ်း​ထား​သေး​မလား​…

ဒီ​တော့​ NLD ကို​တော့​ဖြင့်​ ပညာမတတ်သူ​တွေကပဲ အုပ်စိုး​လေမလား​… ​အောင်​သောင်း​၊​ ​အောင်မင်း​က​တောင် လက်မှိုင်ချရတဲ့​ မြန်မာ့​ထွက်ရပ်ဂိုဏ်း​သား​ကပဲ ဝင်ပါ​လေမလား​ဆိုတာ…

စက္ခုပရိသတ်​ရေ … မျက်​ခြေမပျက်​စေလိုတာ​ကြောင့်​ ပညာတတ်​တွေ ရှား​ပါး​နေတဲ့​ NLD အ​ရေး​ အ​ဝေး​ကသာ ​စောင့်​ကြည့်​စို့​လေ… အများ​အကျိုး​မျှော် အကျိုး​တော်ရွက်လိုတဲ့​ ကိုရင်လွန်း​မောင်ကို​တော့​ ကြား​ထဲက ငဖွရယ်လို့​ မှတ်ထင်ရင်ဖြင့်​…

“ကိုရင်လွန်း​မောင် ဘာလဲ…ဘယ်လဲ…”ဆိုပြီး​ ​တွေ့​ကရာ ​နေရာက​နေ ကြံုသလို ပြန်​ဆော်ပ​လော်တီး​ကြပါလို့​…။

ကိုရင်လွန်းမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here