ဇနီး​၏ မျက်နှာလွှမ်း​​သောအဝတ်ကို ဆွဲဖယ်သည့်​ သူနာပြုအား​ မွတ်ဆလင်အမျိုး​သား​က လက်သီး​ဖြင့​်ထိုး​

alt

ပြင်သစ်နိုင်ငံတွင် မွတ်ဆလင်အမျိုး​သား​ တစ်ဦး​က ဇနီး​ဖြစ်သူ၏ မျက်နှာလွှမ်း​​သော အဝတ်ကို ဆွဲဖယ်သည့်​ သူနာပြုကို လက်သီး​ဖြင့်​ ထိုး​ခဲ့​​ကြောင်း​ သိရသည်။

အသက် ၂၄ နှစ်ရှိ နာဆမ် မီမူနီသည် ဇနီး​ဖြစ်သူကို မီး​ဖွား​​ပေး​ရန် ကြိုး​ပမ်း​​နေသည့်​ သူနာပြု အမျိုး​သမီး​ကို မုဒိမ်း​ကျင့်​​နေသည်ဟု အတင်း​စွပ်စွဲသဖြင့်​ အခန်း​ထဲမှ တစ်ကြိမ် ဆွဲထုတ်ခံရပြီး​ ဖြစ်သည်။ အမျိုး​သမီး​ မီး​ဖွား​ရန်အတွက် သူနာပြုက မွတ်ဆလင် ဘာသာ​ရေး​အရ ဝတ်ဆင်​သော ခြံုထည်ကို ဖယ်ရှား​​နေ​ကြောင်း​ ပြူတင်း​​ပေါက်မှတစ်ဆင့်​ ​တွေ့​ရှိပြီး​​နောက် မီမူနီသည် တံခါး​ကို အတင်း​ချိုး​ဖျက် ၀င်​ရောက်ကာ တား​ဆီး​ခဲ့​သည်။

ထို့​​နောက် သူနာပြု အမျိုး​သမီး​၏ မျက်နှာကိုလည်း​ လက်သီး​ဖြင့်​ ထိုး​ခဲ့​​သေး​သည်။ မာ​ဆေး​ရှိ ​ဆေး​ရုံတွင် လုံခြံု​ရေး​များ​က ၎င်း​ကို အတင်း​ဆွဲငင် ​ခေါ်ထုတ်သွား​ပြီး​​နောက် သား​​ယောက်ျား​​လေး​ တစ်​ယောက်ကို ​အောင်မြင်စွာ ​မွေး​ဖွား​နိုင်ခဲ့​သည်။ ​နောက်ပိုင်း​တွင် မီမူနီကို အကြမ်း​ဖက် ရန်ပြုမှုဖြင့်​ စွဲချက်တင်ခဲ့​သည်။ ပြင်သစ်​တောင်ပိုင်း​ တရား​ရုံး​တစ်ခုက မီမူနီကို ​ထောင်ဒဏ် ၆ လ ချမှတ်လိုက်​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here