Playboy အယ်ဒီတာချုပ်နှင့်​ ချစ်သူ​ဟောင်း​တို့​ ​ခွေး​တစ်​ကောင်အတွက် အကြီး​အကျယ်အငြင်း​ပွား​

alt

Playboy မဂ္ဂဇင်း​ အယ်ဒီတာချုပ် ဟုဂျ်ဟက်ဖနာနှင့်​ ချစ်သူ​ဟောင်း​တို့​သည် ​ခွေး​တစ်​ကောင်အတွက် အကြီး​အကျယ် အငြင်း​ပွား​​နေ​ကြောင်း​ သိရသည်။

​စေ့​စပ်​ကြောင်း​လမ်း​ထား​ပြီး​​နောက် လက်ထပ်ခါနီး​ အချိန်ကျမှ လမ်း​ခွဲမှုအဖြစ် ဇွန်လက တသီး​တခြား​ ဖြစ်သွား​​သော စုံတွဲသည် ​ခွေး​​လေး​တစ်​ကောင် ပိုင်ဆိုင်မှုအတွက် အကြိတ်အနယ် ဖြစ်​နေသည်။ ဟက်ဖနာ၏ ချစ်သူ​ဟောင်း​ ခရစ္စတယ် ဟဲရစ်က သူမသည် ​ခွေး​​လေး​ ချာလီကို ပိုင်ဆိုင်ခွင့်​ရှိ​ကြောင်း​ ​ပြောဆို​နေသည်။

သို့​​သော်လည်း​ ဟက်ဖနာ ကိုယ်တိုင်က ထို​ခွေး​သည် မိမိပိုင်ဖြစ်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ဟက်ဖနာက “ပြဿနာက ကျွန်​တော်တို့​ နှစ်​ယောက်လုံး​ ​ခွေး​​လေး​ကို ချစ်ကြတယ်”ဟု Peopleသို့​ ​ပြောကြား​ခဲ့​သည်။ ၎င်း​က “ကျွန်​တော် သူ့​ကို ​စေ့​စပ်လက်စွပ်​ရော၊ ဘန်တ​လေကား​ပါ ယူသွား​လို့​ ​ပြောတယ်။ ကျွန်​တော်က ​ခွေး​​လေး​ကိုပဲ ယူထား​မယ်လို့​။

ဒီကမ်း​လှမ်း​မှု အဆင်​ပြေပါ​စေလို့​​တော့​ ​မျှော်လင့်​တာပဲ”ဟုလည်း​ ဆိုသည်။ ဟက်ဖနာက မိမိသည် ​ခွေး​ချစ်တတ်သူ တစ်ဦး​ဖြစ်ပြီး​ ချာလီကို ခရစ္စတယ်ထံ လွှဲမ​ပေး​လို​ကြောင်း​ အခိုင်အမာ ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here