ချစ်သူ၏မိခင်ကို သတ်ဖြတ်ခဲ့​သည့်​ တရုတ်​ကျောင်း​သား​ ​သေဒဏ်ချမှတ်ခံရ

alt

တရုတ်နိုင်ငံတွင် ချစ်သူ၏ မိခင်ကို သတ်ပစ်သည့်​ ​ကျောင်း​သား​လူငယ် တစ်ဦး​ကို ​သေဒဏ်ချမှတ်လိုက်​ကြောင်း​ သိရသည်။

အသက် ၂၁ နှစ်ရှိ ယူဂျီရှန်သည် ​ဘေဂျင်း​ သိပ္ပံနည်း​ပညာ​ကျောင်း​တွင် ဘွဲ့​ကြိုတက်​ရောက်​နေသူ ဖြစ်သည်။ ၎င်း​သည် ​ကောလိပ်တွင် အတူ​ကျောင်း​တက်​နေသူ မိန်း​က​လေး​ တစ်ဦး​နှင့်​ ချစ်သူဖြစ်ပြီး​​နောက် ချိန်း​​တွေ့​မှုများ​ ရှိခဲ့​သည်။

သို့​​သော်လည်း​ ဇူ​ဟောင် (အမည်ရင်း​မဟုတ်)ဟုသာ အမည်​ဖော်ပြသည့်​ မိန်း​က​လေး​၏ မိဘများ​က သမီး​ဖြစ်သူအား​ ယူနှင့်​ အဆက်ဖြတ်ရန် ဖိအား​​ပေး​ခဲ့​သည်။ ယင်း​အတွက် ​ဒေါသထွက်​နေ​သော လူငယ်သည် မိန်း​က​ လေး​၏ ​နေအိမ်သို့​ ဓား​တစ်လက်ကိုင်ကာ ၀င်​ရောက်ခဲ့​ပြီး​ မိန်း​က​လေး​၏ မိခင်ကို ဓား​ဖြင့်​ ၁၀ ချက်ထက်မနည်း​ ထိုး​ပစ်ခံသည်။

လည်ပင်း​၊ ရင်ဘတ်နှင့်​ ခန္ဓာကိုယ် အနှံ့​တို့​တွင် ဓား​သွား​၀င်​ ရောက်မှု​ကြောင့်​ မိန်း​က​လေး​၏ မိခင်မှာ ​နေရာတွင်ပင် ပွဲချင်း​ပြီး​ ​သေဆုံး​သွား​ခဲ့​သည်။ ယူသည် မိန်း​က​လေး​ကို လက်တွဲ​ခေါ်လာကာ ထွက်​ပြေး​ခဲ့​ပြီး​​နောက် မိန်း​က​လေး​နှင့်​ ယူတို့​ကို ဝရမ်း​​ ပြေး​အဖြစ် ရဲက ​ကြေညာခဲ့​သည်။ မတ်လအတွင်း​ကမူ ရဲများ​က ယူအား​ ဖမ်း​ဆီး​ရမိခဲ့​သည်။ တရား​​ရေး​ စစ်​ဆေး​မှုများ​အပြီး​ ယူတွင် အပြစ်ရှိ​ကြောင်း​ ​ဘေဂျင်း​တရား​ရုံး​က ဆုံး​ဖြတ်ပြီး​ ပြီး​ခဲ့​ သည့်​ သီတင်း​ပတ်က ​သေဒဏ်ချမှတ်လိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here