ဆူနာမီ​ရေလှိုင်း​နှင့်​အတူ ​မျောပါသွား​သည့်​ မိန်က​လေး​တစ်ဦး​ ရ နှစ်အကြာတွင် မိသား​စုနှင့်​ပြန်ဆုံ

alt

လွန်ခဲ့​သည့်​ ရ နှစ်က အင်ဒိုနီး​ရှား​တွင် ဆူနာမီ ​ရေလှိုင်း​များ​ ရိုက်ခတ်မှု​ကြောင့်​ အိန္ဒိယ သမုဒ္ဒရာအတွင်း​ ​မြောပါသွား​သည့်​ မိန်း​က​လေး​ တစ်ဦး​သည် ယခုအခါ မိသား​စုနှင့်​ ပြန်လည် ​ပေါင်း​ဆုံခွင့်​ ရခဲ့​ပြီဖြစ်သည်။

သူမသည် သဴစိမ်း​နယ်​မြေတွင် အထိန်း​သိမ်း​ခံရပြီး​ သူ​တောင်း​စား​ တစ်ဦး​အဖြစ် အသက်​မွေး​ရန် အတင်း​အကျပ် ခိုင်း​​စေခြင်း​ ခံခဲ့​ရသည်။ အသက် ၁၅ နှစ်ရှိ ဝါတီဟုသာ အမည်​ ဖော်ပြ​သော အမျိုး​သမီး​သည် သူမကို ဖမ်း​ဆီး​ထား​သူများ​ထံမှ လွတ်​မြောက်လာပြီး​​နောက် အဖိုး​ဖြစ်သူ အီဘရာဟင်နှင့်​ ဆက်သွယ်နိုင်ခဲ့​သည်။

ထိုမှတစ်ဆင့်​ မိဘများ​ဖြစ်​သော ယူဆာနီရာ၊ ယူဆွတ်တို့​နှင့်​ ပြန်လည် ​တွေ့​ဆုံခဲ့​သည်။ ထိုလင်မယား​သည် လူ​ပေါင်း​ ၂၃၀၀၀၀ ​သေဆုံး​ခဲ့​သည့်​ ဆူနာမီ​ရေလှိုင်း​ ကပ်ဆိုး​ကြီး​အတွင်း​ သမီး​ ၃ ဦး​ကို ဆုံး​ရှုံး​ထား​ရသည်။ သူမတို့​၏ ရွာငယ်​လေး​ အူဂျွန်ဘာရိုသည်လည်း​ ကြီး​မား​​သော လှိုင်း​လုံး​ကြီး​များ​၏ ဆွဲယူဝါး​မြိုခြင်း​ကို ခံခဲ့​ရသည်။

ယူဆာနီရာက သူမသည် သမီး​ကို ပြန်​တွေ့​ချိန်တွင် ရုတ်တရက် မမှတ်မိဘဲ တံ​တောင်ဆစ်ရှိ အနာရွတ်ငယ်နှင့်​ တင်ပါး​ရှိ မှဲ့​​လေး​တို့​​ကြောင့်​သာ သမီး​ကို အ​သေအချာ သိရှိလာခြင်း​ဖြစ်​ကြောင်း​ ဖွင့်​ဟသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here