နယူး​ဇီလန်တွင် ငလျင်လှုပ်ခတ်

alt

နယူး​ဇီလန်တွင် ငလျင်တစ်ခု လှုပ်ရှား​သွား​​ကြောင်း​ သိရှိရသည်။

ခရစ္စမတ်​နေ့​ မတိုင်မီ ၂ ရက်မျှ အလိုတွင် လှုပ်ရှား​​သော ငလျင်​ကြောင့်​ နိုင်ငံအတွင်း​ အ​ဆောက်အုံများ​ သိသိသာသာ တုန်ခါသွား​ခဲ့​သည်။ ခရစ်ချက်မြို့​ ရဲတပ်ဖွဲ့​က မြို့​​တော် ခန်း​မအနီး​တွင် လူတစ်ဦး​ ထိခိုက်မိသဖြင့်​ ​ဆေး​ရုံတင်ပို့​ခဲ့​ရ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ​သောကြာ​နေ့​က လှုပ်ရှား​​သော ငလျင်သည် ပြင်း​ အား​အဆင့်​ ၅.၈ ရှိပြီး​ ခရစ်ချက်နှင့်​ ၁၆ မိုင် ကွာ​ဝေး​​သော ​နေရာကို ဗဟိုပြုခဲ့​သည်။

ခရစ်ချန့်​သည် ​ဖေ​ဖော်ဝါရီလက ငလျင်ကြီး​ လှုပ်ခတ်မှု​ကြောင့်​ လူ​ပေါင်း​ ၁၈၂ ဦး​ ​သေဆုံး​ခဲ့​ရသည့်​ မြို့​လည်း​ ဖြစ်သည်။ ယခုလှုပ်ရှား​​သော ငလျင်သည် ပင်လယ်​ရေ​အောက် ၁.၈ မိုင် အကွာကို ဦး​တည် လှုပ်ခတ်ခဲ့​ခြင်း​ဖြစ်သည်။ ပင်မငလျင် အပြီး​တွင် ​နောက်ဆက်တွဲ ​မြေလွှာလှုပ်ရှား​မှုများ​လည်း​ ဖြစ်​ ပေါ်ခဲ့​သည်။ ငလျင်လှုပ်ရှား​ရာ အနီး​တဝိုက် ​ဒေသများ​ရှိ ​တောင်​စောင်း​များ​တွင် ​ကျောက်တုံး​များ​ ပြိုကျခဲ့​​သော်လည်း​ ဆိုး​ဆိုး​ရွား​ရွား​ ပျက်စီး​မှု မရှိခဲ့​​ပေ။

နယူး​ဇီလန် အမျိုး​သား​ အသံလွှင့်​ ဌာနက နိုင်ငံအတွင်း​ရှိ ​ဒေသ အ​တော်များ​များ​သည် ငလျင်ရိုက်ခတ်မှုကို ​တွေ့​ထိ ခံစား​ခဲ့​ရသည်ဟု ​ကြေညာသွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here