နမီး​ဘီး​ယား​နိုင်ငံတွင် ​ကောင်း​ကင်မှ ထူး​ဆန်သည့်​သတ္တုလုံး​တစ်ခုကျ​ရောက်

alt

​လေထုထဲမှ ကျလာသည့်​ ထူး​ထူး​ဆန်း​ဆန်း​ သတ္တုလုံး​တစ်ခုသည် ယခုအခါ အ​ဖြေထုတ်ရန် ခက်ခဲသည့်​ ပ​ဟေဠိတစ်ခု ဖြစ်လာ​ကြောင်း​ သိရသည်။

အာဖရိကတိုက်ရှိ နမီး​ဘီး​ယား​နိုင်ငံ ​ မြောက်ပိုင်း​တွင် အဆိုပါ ပစ္စည်း​ကို လယ်သမား​ တစ်ဦး​က ​တွေ့​ရှိခဲ့​ခြင်း​ဖြစ်သည်။ ထို​နေရာနား​တွင် ​ပေါက်ကွဲသံများ​ ကြား​ခဲ့​ရပြီး​ ယင်း​သည် ထိုပစ္စည်း​ ​လေထုအတား​အဆီး​ကို ဖြတ်​ကျော်စဥ် ထွက်​ပေါ်လာ​သော အသံများ​ဟု ယူဆရသည်။ ထိုအလုံး​ ကျ​နေသည့်​ ​နေရာတွင် ၁၂ လက်မ နက်ပြီး​ ၁၃ ​ပေမျှ အရှည်ရှိ​သော အက်​ကြောင်း​တစ်ခုကို ဖြစ်လာ​စေသည်။ ထို​နေရာမှ လိမ့်​ပြီး​​ နောက် သတ္တုလုံး​သည် ​ပေ ၆၀ မျှ အကွာထိ လိမ့်​သွား​ခဲ့​သည်။

၁၃ ​ပေါင် ​လေး​ပြီး​ ၁၄ လက်မ အချင်း​ရှိ​သော အလုံး​ကို မိမိတို့​ ​လေ့​လာ​နေ​ကြောင်း​ ရဲတပ်ဖွဲ့​ မှုခင်း​​ဆေး​ပညာရှင် ​ပေါလူဒစ်က AFPသို့​ ​ပြောကြား​သွား​သည်။ သို့​​သော်လည်း​ ထိုပစ္စည်း​သည် ဂြိုဟ်သား​များ​နှင့်​ ဆက်စပ်​နေမည်ဟု မယုံကြည်​ကြောင်း​ ၎င်း​ကဆိုသည်။ အဆိုပါ ပစ္စည်း​နှင့်​ ပတ်သက်ပြီး​ NASAနှင့်​ ဥ​ရောပ အာကာသ ​အေဂျင်စီတို့​ကလည်း​ ၎င်း​တို့​ပိုင်​ကြောင်း​ ​ကြေညာခြင်း​ မရှိဟု သတင်း​များ​က ​ဖော်ပြခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here