ပါလက်စတိုင်း အကျဉ်းသားများအား အစ္စရေးလွှတ်ပေး

alt

အစ္စရေးသည် ပါလက်စတိုင်း အကျဥ်းသား ၅၅၀ ကို လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဟားမတ်တို့က အကျဥ်းသားများ အပြန်အလှန် လဲလှယ်ရေး တောင်းဆိုမှုကို ဒီဇင်ဘာ ၁၈ ရက်နေ့က အပြီးသတ် လုပ်ဆောင်နိုင်ခဲ့ကြောင်း ကြေညာသည်။ ဟားမတ် လက်နက်ကိုင် တပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရ အရာရှိ အဘူအိုဘီဒါက “အကျဥ်းသားချင်း လဲလှယ်မှု အစီအစဥ်ကို အပြီးသတ်နိုင်ပြီလို့ ကြေညာနိုင်ပါတယ်။

အစ္စရေးတွေဘက်က ဖမ်းထားတဲ့ အမျိုးသားနဲ့ အမျိုးသမီး အကျဥ်းသား ၅၅၀ ကို ပြန်လွှတ်ပေးလိုက်တာ အမှန်ပါပဲ”ဟု ပြောကြားခဲ့သည်။ ယင်းတို့အနက် ၅၀၉ ဦးသည် အနောက်ဘက် ကမ်းခြေ ဒေသမှဖြစ်ပြီး ၄၁ ဦးသည် ဂါဇာကမ်းမြှောင်မှ ဖြစ်ကြောင်းလည်း သိရှိရသည်။ ဟားမတ်တို့ဘက်မှလည်း ထိန်းသိမ်းထားသည့် အကျဥ်းသားအချို့ ပြန်လွှတ်ပေးခဲ့ရာ ဂါဇာနှင့် အစ္စရေးကြား နယ်နိမိတ်တွင် လွတ်မြောက်လာသူများကို မိသားစုများက လာရောက် ကြိုဆိုခဲ့ကြသည်။

အစ္စရေးတို့ လွှတ်ပေးခဲ့သူ ၅၅၀ အနက် ဟားမတ်တို့၏ ဂျီဟတ်ရေးရာ လှုပ်ရှားသူ စစ်သွေးကြွများ မပါ၀င်ဘဲ သမ္မတ မာမွတ်အဘက်စ်၏ ဖာတာပါတီနှင့် ဆက်နွယ်သူများ၊ ပါလက်စတိုင်း လွတ်မြောက်ရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းများမှ ဖြစ်ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here