မိသားစုအရေးကြောင့် ဆယ်လီနာဂိုမက်ဇ် ဖျော်ဖြေပွဲဖျက်သိမ်းရ

alt

မိသားစု အရေးကိစ္စ တစ်ခုကြောင့် ဆယ်လီနာ ဂိုမက်ဇ်သည် ဖျော်ဖြေပွဲ နှစ်ခုကို ဖျက်သိမ်းလိုက်ရကြောင်း သိရှိရသည်။

ဂိုမက်ဇ်၏ မိခင်ဖြစ်သူ ကိုယ်ဝန်ပျက်ကျခြင်းကြောင့် အဆိုတော်မလေးက ယခုလို ဖျော်ဖြေပွဲများကို ဖျက်သိမ်းခဲ့ခြင်းဟု သတင်းများက ဆိုသည်။ ဂိုမက်ဇ်၏ မိခင်ဖြစ်သူ မန်ဒီ တီဖီသည် သူမ၏ မမွေးဖွားရသော ရင်သွေးလေးကို ဆုံးရှုံးခဲ့ရကြောင်း E! Onlineက ဖော်ပြခဲ့သည်။ ဂိုမက်ဇ်သည် ပြီးခဲ့သည့်လက အသက် ၃၅ နှစ်အရွယ် မိခင်ဖြစ်သူသည် ကိုယ်ဝန်လွယ်ထားရကြောင်း Twitterတွင် ရေးသား အသိပေးခဲ့သည်။ ထိုကလေးသည် ဂိုမက်ဇ်၏ ပထွေးဖြစ်သူ ဘရိုင်ယန် တီဖီနှင့် ရခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ယခုအခါ မန်ဒီအနေနှင့် ကလေးကို ဆုံးရှုံးခဲ့ရသလို အသက် ၁၉ နှစ်ရှိ အဆိုတော်မလေးက မိခင်ကို အားပေးကူညီရန် ကျန်အရေးကိစ္စ အားလုံးကို မေ့လျော့ထားလိုက်ခြင်း ဖြစ်သည်။ သူမသည် ချီကာဂိုနှင့် ဆီယက်တယ်တို့တွင် ဖျော်ဖြေပွဲများ ကျင်းပရန် စီစဥ်ထားသည်။

သူမသည် လော့စ်အိန်ဂျယ်လိစ်မြို့တွင် ရှိနေစဥ် မိသားစု သတင်းကို ကြားသိပြီးနောက် ချက်ချင်းပြန်သွားခြင်းဖြစ်သည်။ ယင်းနှင့်ပတ်သက်ပြီး အသေးစိတ် ကိစ္စများကို ဂိုမက်ဇ်၏ ကိုယ်စားလှယ်က ဖြေကြားခြင်း မရှိသေးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here