ကင်ဂျံုအီ၏ အရိုက်အရာအား သားဖြစ်သူ ကင်ဂျံုအန် ဆက်ခံမည်

alt

ကင်ဂျံုအီ ကွယ်လွန်သွားပြီးနောက် သားဖြစ်သူ ကင်ဂျံုအန်က ဖခင်၏ အရိုက်အရာကို ဆက်ခံရန် မြောက်ကိုရီးယားက အတည်ပြုလိုက်ပြီ ဖြစ်သည်။

ကွန်မြူနစ် အာဏာရှင် ခေါင်းဆောင်ကြီး ကင်သည် စနေနေ့က ရထားခရီးစဥ် တစ်ခုတွင် ရုတ်တရက် ကျန်းမာရေး ဖောက်ပြန်လာကာ ကွယ်လွန်ကြောင်း မြောက်ကိုရီးယား KCNA သတင်းဌာန၏ တနင်္လာနေ့ မနက်ပိုင်းတွင် အတည်ပြုခဲ့သည်။

အသက် ၆၉ နှစ် ရှိပြီဖြစ်သော ကင် ကွယ်လွန်ပြီးနောက် ၎င်း၏ နေရာအတွက် ကြိုတင် လျာထားသည့် အသက် ၂၀ ကျော်သာ ရှိသေးသည် ဂျံုအန်မှာ မြောက်ကိုရီးယား၏ ခေါင်းဆောင်သစ် ဖြစ်လာတော့မည်ဟု KCNAက အတည်ပြုခဲ့သည်။ KCNAသတင်းဌာနက ဂျံုအန်ကို ကြီးကျယ်ခမ်းနားသော ဆက်ခံသူ တစ်ဦးအဖြစ် ညွှန်းဆိုခဲ့ပြီး ပါတီ၊ စစ်တပ်နှင့် ပြည်သူများကို အကောင်းဆုံး ဦးဆောင်မှု ပေးနိုင်မည့်သူဟု ဝါဒဖြန့် ကြေညာခဲ့သည်။

KCNA သတင်းဌာန၏ ပြံုယမ်းမြို့တော် လမ်းမများပေါ်တွင် ငိုကြွေးနေသူ အချို့၏ ပုံများကို ပြသခဲ့သော်လည်း မြောက်ကိုရီးယား၏ အနေအထားသည် သာမန်အခြေအနေမျိုးပင် ရှိနေသည်ကို တွေ့ရသည်။ မြောက်ကိုရီးယား စစ်ခေါင်းဆောင် ကွယ်လွန်သည့် သတင်းကို ကြားသိရပြီးနောက် တောင်ကိုရီးယား နိုင်ငံသည် နယ်စပ်တစ်လျှောက် တပ်များကို ဖြန့်ကျက်ထားသလို အပြောင်းအလဲ ဖြစ်လာနိုင်သည့် အနေအထားတိုင်းအတွက် လုံခြံုရေးကို တပ်လှန့်ထားကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here