တရုတ်တွင် သဘာဝ​​ရေကန် ၂၀ မျှ နှစ်စဥ်​​ပျောက်ကွယ်လျက်ရှိ

alt

တရုတ်နိုင်ငံတွင် နှစ်စဥ်နှစ်တိုင်း​​ သဘာဝ​​ရေကန် ပျမ်း​​မျှ အခု ၂၀ မျှ ​​ပျောက်ကွယ်​​နေ​​ကြောင်း​​ သိရှိရသည်။

ကြီး​​မား​​ကျယ်ပြန်​့​​လှ​​သော တရုတ်နိုင်ငံ၏ ဧရိယာထဲတွင် သဘာဝအတိုင်း​​ တည်ရှိ​​ နေသည်​့​​ ​​ရေကန်ကြီး​​ ၂၄၀၀၀ ​​ကျော် ရှိ​​နေသည်။ သို​့​​​​သော်လည်း​​ ယင်း​​တို​့​​သည် တဖြည်း​​ဖြည်း​​ အ​​ရေအတွက် ​​လျော​့​​နည်း​​လာ​​နေ​​ကြောင်း​​ သဘာဝ ပတ်ဝန်း​​ကျင် ထိန်း​​သိမ်း​​​​ရေး​​ဆိုင်ရာ ဖိုရမ်တစ်ခုတွင် အတည်ပြု ​​ဖော်ပြခဲ​့​​သည်။

တရုတ်၏ သဘာဝ ​​ရေကန်များ​​ စုစု​​ပေါင်း​​ ဧရိယာ အကျယ်အဝန်း​​သည် ၈၃၀၀၀ စတုရန်း​​ ကီလိုမီတာထိ ရှိခဲ​့​​​​သော်လည်း​​ ယခုအခါ တစ်စထက်တစ်စ ယုတ်​​လျော​့​​နည်း​​ပါး​​လာခဲ​့​​သည်။ ယင်း​​သည် သဘာဝပတ်ဝန်း​​ကျင် ထိန်း​​သိမ်း​​​​ရေး​​ လှုပ်ရှား​​သူများ​​အတွက် ကြီး​​မား​​​​သော စိန်​​ခေါ်မှု တစ်ခုလည်း​​ ဖြစ်လာသည်။

“နှစ်တိုင်း​​ ​​ရေကန်အခု ၂၀ ​​လောက် ​​ပျောက်ကွယ်​​နေတယ်။ ခမ်း​​​​ခြောက်ပြီး​​ လုံး​​၀ ပ​​ပျောက်သွား​​တာမျိုး​​ပါ”ဟု နန်ဂျင်း​​တွင် ပြုလုပ်သည်​့​​ First China on Lakes ဖိုရမ်တွင် ​​ဆွေး​​​​နွေး​​​​ပြောကြား​​ခဲ​့​​သည်။ ​​ရေကန်များ​​ ​​ ပျောက်ကွယ်သွား​​​​စေသည်​့​​ အဓိက အချက်တစ်ခုမှာ လူသား​​များ​​၏ မဆင်ခြင်မှု​​ကြောင်​့​​ဟုလည်း​​ သိရှိရသည်။

ယခုဖိုရမ်သို​့​​ တရုတ်နိုင်ငံမှ ကျွမ်း​​ကျင်သူ ၈၀၀ နှင်​့​​ တာဝန်ရှိသူများ​​ တက်​​ရောက်ခဲ​့​​ ပြီး​​ ဖိုရမ်ကို ဒီဇင်ဘာ ၁၀ ရက်နှင်​့​​ ၁၁ ရက်​​နေ​့​​များ​​က ပြုလုပ် ကျင်း​​ပခဲ​့​​ခြင်း​​ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here