တရုတ်​​ရှေး​​​​ခေတ်ဘုရင်၏ ​​ကျောက်စိမ်း​​တံဆိပ်တုံး​​အား​​ ​​လေလံတင်​​ရောင်း​​ချ

alt

တရုတ်အင်ပါယာ ဧကရာဇ်မင်း​​မြတ် ကွင်​​လောင် လက်ထက်က သုံး​​စွဲခဲ​့​​သည်​့​​ ​​ကျောက်စိမ်း​​ တံဆိပ်တုံး​​ကို ​​လေလံတင် ​​ရောင်း​​ချခဲ​့​​ရာ ယွမ်​​ငွေ ၁၆၁ သန်း​​ ရရှိခဲ​့​​​​ကြောင်း​​ သိရှိရသည်။

ယခုသီတင်း​​ပတ် အ​​စောပိုင်း​​က ​​ဘေဂျင်း​​မြို​့​​တွင် ပြုလုပ်​​သော ​​လေလံပွဲအတွင်း​​ အဆိုပါ တံဆိပ်တုံး​​ကို ယခု​​ဈေး​​ဖြင်​့​​ ဝယ်ယူခဲ​့​​ခြင်း​​ဖြစ်သည်။ ထို​​ဈေး​​နှုန်း​​သည် ​​ကျောက်စိမ်း​​ဖြူဖြင်​့​​ ထွင်း​​ထု ပြုလုပ်ထား​​​​သော ပစ္စည်း​​များ​​အတွက် အမြင်​့​​ဆုံး​​ စံချိန်တင် ​​လေလံ​​ဈေး​​လည်း​​ ဖြစ်လာသည်။

မူလက ​​လေလံ တာဝန်ရှိသူများ​​က တံဆိပ်တုံး​​အတွက် ကြမ်း​​ခင်း​​​​ဈေး​​ကို ယွမ်​​ငွေ ၆၈ သန်း​​ဖြင်​့​​ ​​ဈေး​​ဖွင်​့​​ခဲ​့​​ခြင်း​​ဖြစ်သည်။ အဆိုပါ တံဆိပ်တုံး​​ကို ၁၇၉၅ ခုနှစ်က ကွင်မင်း​​ဆက်၏ ဆဋ္ဌမ​​မြောက် ဘုရင်မင်း​​မြတ် ကွင်​​လောင်လက်ထက်တွင် ထွင်း​​ထုပြုလုပ်ခဲ​့​​သည်။

အဆိုပါ နှစ်တွင် တရုတ်မင်း​​​​နေပြည်​​တော်အတွင်း​​ တံဆိပ်တုံး​​ အခု ၂၀ မျှ ပြုလုပ်ခဲ​့​​​​သော်လည်း​​ ယခုတံဆိပ်တုံး​​သည် တစ်ခုတည်း​​​​သော အဝိုင်း​​ပုံသဏ္ဍာန် ဖြစ်​​ကြောင်း​​လည်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here