ဗြိတိန်၏ ရဲ​​ကော်မရှင်နာအဖွဲ​့​​ဝင်ဖြစ်ရန် ​​ကေတီပရိုက်ကြိုး​​ပမ်း​​

alt

​​ကေတီပရိုက်စ်သည် ရဲ​​ကော်မရှင်အဖြစ် ပါ၀င်ခွင်​့​​ရရန် ကြိုး​​ပမ်း​​​​နေသူ နာမည်​​ကျော် ပုဂ္ဂိုလ်များ​​အနက် တစ်ဦး​​ဖြစ်လာ​​ကြောင်း​​ သိရသည်။

နာမည်​​ကျော် ​​မော်ဒယ်၊ အဆို​​တော်၊ မင်း​​သမီး​​၊ စာ​​ရေး​​ဆရာမနှင်​့​​ TVအစီအစဥ်မှူး​​သည် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်း​​တွင် ဗြိတိန်နိုင်ငံ၏ ရဲ​​ကော်မရှင်နာ အဖွဲ​့​​၀င်အဖြစ် ပါ၀င်ခွင်​့​​ရရန် ရည်ရွယ်ထား​​သည်။

အဆိုပါ ရာထူး​​​​နေရာသည် ဗြိတိန်နိုင်ငံ၏ ရဲတပ်ဖွဲ​့​​၀င်များ​​ကို ထိန်း​​သိမ်း​​စီမံရန် တာဝန်ရှိ​​သော ​​နေရာလည်း​​ဖြစ်သည်။ သို​့​​​​သော်လည်း​​ ​​ကေတီ ပါ၀င်လာခြင်း​​​​ကြောင်​့​​ ယှဥ်ပြိုင်သူ ​​ကော်မရှင်နာ​​လောင်း​​ အချို​့​​က ယခု​​နေရာသည် ​​ပေါ်ပြူလာဖြစ်မှုဖြင်​့​​ မဲ​​ရွေး​​ခံရသည်​့​​ အ​​ခြေအ​​နေမျိုး​​ ဖြစ်လာမည်ကို စိုး​​ရိမ်​​နေ​​ကြောင်း​​ သိရသည်။

ရဲတပ်ဖွဲ​့​​မှ တာဝန်ရှိသူ အချို​့​​က အသက် ၃၃ နှစ်ရှိ ​​ကေတီသည် ရဲ​​ကော်မရှင်နာ ရာထူး​​အတွက် ၀င်​​ရောက်​​လျှောက်ထား​​​​ကြောင်း​​ Guardian သတင်း​​စာသို​့​​ ထုတ်​​ဖော် ​​ပြောကြား​​ခဲ​့​​သည်။ ​​

ကေတီသည် ဆက်စက်မှ ဟမ်​့​​ရှိုင်း​​ယား​​သို​့​​ ​​ပြောင်း​​​​ရွှေ​့​​ပြီး​​ ထိုအရပ်တွင် ရဲ​​ကော်မရှင်နာ ရာထူး​​ကို ရယူနိုင်ရန် ​​မျှော်လင်​့​​​​နေ​​ကြောင်း​​ သတင်း​​များ​​က ဆိုသည်။ ယင်း​​ကိစ္စနှင်​့​​ ပတ်သက်ပြီး​​ ​​ကေတီ၏ ကိုယ်စား​​လှယ်ကမူ မည်သည်​့​​မှတ်ချက်မျှ မ​​ပေး​​​​သေး​​​​ကြောင်း​​လည်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here