နယူး​​ယောက်မြို​့​တွင် ဓာတ်​လှေခါး​ညပ်မှု​ကြောင်​့​ အမျိုး​သမီး​တစ်ဦး​​သေဆုံး​

alt

အ​မေရိကန်နိုင်ငံတွင် အမျိုး​သမီး​တစ်ဦး​ ဓာတ်​လှေခါး​ညပ်မှု​ကြောင်​့​ ​သေဆုံး​သွား​​ကြောင်း​ သိရသည်။

နယူး​​ယောက်ရှိ မက်ဟန်တန်တွင် ​နေထိုင်​သော ဆူဇန်နီ ဟတ်သည် သူမ၏ ​နေအိမ်တိုက်ခန်း​တွင် တပ်ဆင်ထား​​သော ဓာတ်​လှေခါး​တွင် ညပ်ကာ ​သေဆုံး​သွား​ခြင်း​ဖြစ်သည်။ ရဲများ​က ဟတ်သည် စိတ်ပိုင်း​ဆိုင်ရာ ထိခိုက်စရာများ​ ကြံုထား​ရသည်ဟု ယုံကြည်ရပြီး​ ဓာတ်​လှေခါး​ တံခါး​တွင် ရပ်​နေစဥ် သူမ၏ စိတ်အ​ခြေအ​နေနှင်​့​ ပတ်သက်ပြီး​ သံသယဖြစ်​နေသည်။

သူမသည် ဓာတ်​လှေခါး​နှင်​့​ တရွတ်ဆွဲ ပါသွား​ပြီး​ ညပ်​နေသဖြင်​့​ ကယ်ထုတ်ကာ ​ဆေး​ရုံသို​့​ ပို​့​​ဆောင်​ပေး​ခဲ​့​​သော်လည်း​ ​သေဆုံး​သွား​ခြင်း​ဖြစ်သည်။ ၂၆ ထပ်မြင်​့​​သော တိုက်ခန်း​တွင် ဖြစ်ပွား​​သော မ​တော်တဆမှုအတွက် ရဲများ​က စုံစမ်း​​နေဆဲဖြစ်သည်။ ယခုသီတင်း​ပတ်အတွင်း​ ဖြစ်ပျက်ခဲ​့​သည်​့​ ကိစ္စအတွက် မည်သည်​့​ အမှား​အယွင်း​ ရှိ​နေသည်ကိုလည်း​ ​ခြေရာခံ​နေသည်။

အဆိုပါ ဓာတ်​လှေခါး​ကို ဇွန်လက တစ်ကြိမ် စစ်​ဆေး​ထား​ပြီး​ မည်သည်​့​ အမှား​အယွင်း​မျှ မရှိခဲ​့​ဟုဆိုသည်။ ၂၀၀၃ ခုနှစ်ကတည်း​က ယင်း​ဓာတ်​လှေခါး​၏ လုပ်​ဆောင်ချက်များ​ကို ပုံမှန်​လေ​့​လာခဲ​့​ရာ အား​လုံး​မှန်ကန်​နေ​ကြောင်း​လည်း​ သိရသည်။ ယင်း​အ​ဆောက်အအုံတွင် ဓာတ်​လှေခါး​ ၁၃ ခုရှိပြီး​ တာဝန်ရှိသူများ​က ယင်း​တို​့​အား​လုံး​ကို အ​ရေး​​ပေါ် စစ်​ဆေး​မှုများ​ ပြုလုပ်​နေ​ကြောင်း​လည်း​ သတင်း​များ​က ​ဖော်ပြသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here