ရင်သား​ကင်ဆာတိုက်ဖျက်​ရေး​ နာမည်​ကျော် စွမ်း​အား​ရှင်အမျိုး​သမီး​ဇာတ်​ကောင်ပုံများ​ဖြင်​့​လှံု​့​​ဆော်

alt

ရင်သား​ကင်ဆာ တိုက်ဖျက်​ရေး​ လှုပ်ရှား​မှုတွင် နာမည်​ကျော် စွမ်း​အား​ရှင် အမျိုး​သမီး​များ​လည်း​ ပူး​​ပေါင်း​ ပါ၀င်လာပြီ ဖြစ်သည်။

အာဖရိကတိုက်ရှိ မိုဇင်ဘစ်နိုင်ငံမှ အမျိုး​သမီး​များ​အတွက် ရင်သား​ကင်ဆာ တိုက်ဖျက်​ရေး​ အသိ​ပေး​ နှိုး​​ဆော်မှုတွင် Strom၊ She-Hulk၊ Catwomanနှင်​့​ Wonder Womanတို​့​အား​လုံး​ တက်ညီလက်ညီ ပါ၀င်ခဲ​့​ကြသည်။ နာမည်​ကျော် စိတ်ကူး​ယဥ် လူစွမ်း​​ ကောင်း​ အမျိုး​သမီး​များ​၏ ရင်သား​ပုံကို ​ရေး​ခြယ်ကာ ရင်သား​ကင်ဆာ တိုက်ဖျက်​ရေး​ လှုပ်ရှား​မှုအတွက် ရည်ရွယ် ​ကြော်ငြာထား​ခြင်း​ဖြစ်ပြီး​ “ရင်သား​ကင်ဆာအ​ကြောင်း​ ​ဆွေး​​နွေး​ရင် အမျိုး​ သမီး​ရိုး​ရိုး​နဲ​့​ စွမ်း​အား​ရှင် အမျိုး​သမီး​​တွေရယ်လို​့​ မကွဲပြား​ပါဘူး​”ဟူ​သော ​ဆောင်ပုဒ်ဖြင်​့​ လှုံ​့​​ဆော် တိုက်တွန်း​ခဲ​့​သည်။

အသက် ၃၀ ​အောက် မိန်း​က​လေး​များ​တွင် ရင်သား​ကင်ဆာ ဖြစ်နိုင်​ခြေ နည်း​ပါး​​သော်လည်း​ ယခုလှုပ်ရှား​မှုက အသက်အရွယ် အား​လုံး​အတွက် စိတ်ဝင်တစား​ ရှိ​စေမည်ဟု ဦး​​ဆောင်စည်း​ရုံး​သူများ​က ယုံကြည်​နေသည်။ အဆိုပါ စွမ်း​အား​ရှင် အမျိုး​သမီး​များ​၏ ရင်သား​ကင်ဆာ တိုက်ဖျက်​ရေး​ ရည်ရွယ်ထား​သည်​့​ ရုပ်ပုံများ​ကို မီဆာချား​ဗက်စ်က ​ရေး​ဆွဲ​ပေး​ခဲ​့​ပြီး​ လစဥ် အမျိုး​သမီး​တိုင်း​ မိမိဖာသာ စမ်း​သပ်ကိုင်တွယ်ကာ ရင်သား​ကင်ဆာ ဖြစ်မဖြစ် ​လေ​ ့​လာရန်အတွက် အကြံပြု လမ်း​ညွှန်ထား​ခဲ​့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here