Forbes ၏ ဝင်​ငွေအ​ကောင်း​ဆုံး​ အမျိုး​သမီး​အဆို​တော်စာရင်း​တွင် ​လေဒီဂါဂါဦး​​ဆောင်

alt

Forbesမဂ္ဂဇင်း​က ထုတ်ပြန်​ကြေညာခဲ​့​သည်​့​ ၀င်​ငွေအ​ကောင်း​ဆုံး​ အမျိုး​သမီး​အဆို​တော် များ​ စာရင်း​တွင် ​လေဒီဂါဂါက ထိပ်ဆုံး​မှ ဦး​​ဆောင်​နေ​ကြောင်း​ သိရှိရသည်။

၂၀၁၀ ပြည်​့​နှစ် ​မေလမှ ၂၀၁၁ ခုနှစ် ​မေလထိ ၀င်​ငွေစာရင်း​ကို ခန်​့​မှန်း​တွက်ချက်ပြီး​​နောက် Monster Ballစတား​ အဆို​တော်၏ ၀င်​ငွေသည် ​ဒေါ်လာ သန်း​ ၉၀ မျှ ရှိခဲ​့​​ကြောင်း​ ​ဖော်ပြထား​သည်။ ဒုတိယ ​နေရာတွင် သီချင်း​​အေး​​အေး​​လေး​များ​ဖြင်​့​ နာမည်​ကျော်သူ ​တေလာဆွစ်ဖ်က ရပ်တည်​နေသည်။ သူမ၏ ၀င်​ငွေသည် ဂါဂါထက် တစ်ဝက်မျှ ​လျော​့​နည်း​ပြီး​ ​ဒေါ်လာ ၄၅ သန်း​မျှ ရှိမည်ဟု Forbesက ခန်​့​မှန်း​ ထား​သည်။ တတိယ​နေရာတွင် ​ကေတီပယ်ရီက ​ဒေါ်လာ ၄၄ သန်း​ဖြင်​့​ ရပ်တည်​နေသည်။

ဘီယွန်း​​ဆေး​ကမူ ​ဒေါ်လာ ၃၅ သန်း​မျှ ၀င်​ငွေရှိခဲ​့​ပြီး​ ရီဟာနာက ​ဒေါ်လာ ၂၉ သန်း​၊ Pinkက ​ဒေါ်လာ ၂၂ သန်း​ အသီး​သီး​ ရရှိခဲ​့​သည်။ ကယ်ရီ အန်ဒါဝုဒ်၏ ၀င်​ငွေမှာ ​ဒေါ်လာ သန်း​ ၂၀ မျှ ရှိခဲ​့​ပြီး​ ဆလင်း​ဒီယွန်က ​ဒေါ်လာ ၁၉ သန်း​နှင်​့​ အဒီလီက ​ဒေါ်လာ ၁၈ သန်း​ ၀င်​ငွေပိုင်ဆိုင်ခဲ​့​သည်။

ပရစ်တနီစပီး​ယား​နှင်​့​ ​အေလီရှာ ကီး​တို​့​မှာမူ ​ဒေါ်လာ ၁၀ သန်း​စီဖြင်​့​ နံပါတ် ၁၀ ​နေရာတွင် ပူး​တွဲရပ်တည်​နေ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here