​​မောင်း​​သူမဲ​့​​​​လေယာဥ် ပြန်​​ပေး​​ရန် အ​​မေရိကန်​​တောင်း​​ဆိုမှု အီရန်ငြင်း​​ပယ်

alt

ပျက်ကျခဲ​့​​သည်​့​​ ​​မောင်း​​သူမဲ​့​​ ​​လေယာဥ်ကို ပြန်​​ပေး​​ရန် အ​​မေရိကန် သမ္မတ ဘာရတ်အိုဘား​​မား​​၏ ​​တောင်း​​ဆိုမှုကို အီရန်က ငြင်း​​ပယ်လိုက်သည်။

အ​​မေရိကန်ပိုင် အဆိုပါ ​​လေယာဥ်သည် ဒီဇင်ဘာလ အ​​စောပိုင်း​​က အီရန်ပိုင်နက်ထဲတွင် ပျက်ကျသွား​​ခြင်း​​ဖြစ်သည်။ အီရန်တို​့​​က နည်း​​ပညာမြင်​့​​ အဆိုပါ စစ်လက်နက်ကို မိမိတို​့​​ ပစ်ချလိုက်ခြင်း​​ဟု ​​ကြေညာခဲ​့​​​​သော်လည်း​​ အီရန် ရုပ်မြင်သံကြား​​ အစီအစဥ်တစ်ခုက ယင်း​​​​လေယာဥ်ကို ပြသခဲ​့​​စဥ်တွင်မူ မည်သည်​့​​ အထိအခိုက်မျှ မ​​တွေ​့​​ရ​​ပေ။

အ​​မေရိကန် အစိုး​​ရသည် ယင်း​​ကို အီရန်ထံမှ ပြန်လည်​​တောင်း​​ယူခဲ​့​​​​သော်လည်း​​ အီရန်က မိမိတို​့​​ပိုင်​​မြေတွင် ​​တွေ​့​​ရသည်​့​​ မိမိတို​့​​ ပစ္စည်း​​အဖြစ်သာ ယူဆ​​ကြောင်း​​ တုံ​့​​ပြန်ခဲ​့​​သည်။ အီရန်၏ နိုင်ငံခြား​​​​ရေး​​ ဝန်ကြီး​​ဌာန ​​ပြော​​ရေး​​ဆိုခွင်​့​​ရ အရာရှိ ရာမင် မာမန်ပါရက်က “သတင်း​​​​ တွေလည်း​​ ကြား​​မှာပါ။ အ​​မေရိကန်ဘက်က ဘာကို ပြန်​​တောင်း​​ဆို​​နေသလဲ ဆိုတာကို။ ဒါ​​ပေမဲ​့​​ သူတို​့​​ဟာ အီရန်ရဲ​့​​ ​​လေပိုင်နက်ကို ​​စော်ကား​​ကျူး​​​​ကျော်ခဲ​့​​တယ်ဆိုတာ မ​​မေ​့​​သင်​့​​ဘူး​​။ ဒါဟာ နိုင်ငံတကာ ဥပ​​ဒေကို ​​ဖောက်ဖျက်တာပါပဲ။

တကယ်လို​့​​ အ​​မေရိကန်က တရား​​၀င် ​​တောင်း​​ပန်ပြီး​​ သူတို​့​​ရဲ​့​​ အပြုအမူကို ရာဇဝတ်မှု တစ်ခုအ​​နေနဲ​့​​ ဝန်မခံရင် ​​လေယာဥ်ကို ပြန်ရဖို​့​​ ​​မျှော်လင်​့​​နိုင်မှာ မဟုတ်ပါဘူး​​”ဟု ​​ပြောကြား​​ခဲ​့​​သည်။ အီရန်အစိုး​​ရက အ​​မေရိကန်သည် မိမိတို​့​​၏ ငြိမ်း​​ချမ်း​​​​ရေး​​နှင်​့​​ လုံခြံု​​ရေး​​ကို ထိပါး​​ခဲ​့​​​​ကြောင်း​​လည်း​​ စွပ်စွဲထား​​သည်။ အ​​မေရိကန် နိုင်ငံခြား​​​​ရေး​​ ဝန်ကြီး​​ဖြစ်သူ ဟီလာရီ ကလင်တန်က အ​​စောပိုင်း​​ကတည်း​​က မိမိတို​့​​၏ ​​လေယာဥ်ကို ပြန်​​တောင်း​​ရန် လုပ်​​ဆောင်မှုမှာ ​​အောင်မြင်မည်ဟု ​​မျှော်လင်​့​​မထား​​​​ကြောင်း​​ ​​ပြောကြား​​ခဲ​့​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here