​​ကျောင်း​​သား​​​​ကျောင်း​​သူ စုံတွဲများ​​ကို အတူတကွ​​ရေး​​ချိုး​​ခွင​့​​်​​ပေး​​သည်​့​​ တရုတ်တက္ကသိုလ်

alt

တရုတ်နိုင်ငံ အ​​နောက်​​မြောက်ပိုင်း​​ ရှန်ဇီး​​ရှိ တက္ကသိုလ် တစ်ခုအတွင်း​​ အများ​​သုံး​​ ​​ရေချိုး​​ခန်း​​တစ်ခုတွင် ​​ကျောင်း​​သား​​​​ကျောင်း​​သူ စုံတွဲများ​​ကို အတူတကွ ​​ရေချိုး​​ခွင်​့​​ ​​ပေး​​ထား​​​​ကြောင်း​​ သိရှိရသည်။

ယင်း​​ကိစ္စသည် ပညာ​​ရေး​​နယ်ပယ်တွင် လိင်လုပ်ငန်း​​တစ်ခု ​​ဆောင်ရွက်​​နေခြင်း​​အဖြစ် ​​ဝေဖန်မှုများ​​ မြင်​့​​တက်လာသည်။ အ​​နောက်​​မြောက်ပိုင်း​​ ပိုလီတက္ကသိုလ်တွင် ရှိ​​နေ​​သော အများ​​သုံး​​ ​​ ရေချိုး​​ခန်း​​ တစ်ခုသည် စုံတွဲများ​​အတွက် သီး​​ခြား​​ ​​ရေချိုး​​ခန်း​​ ရ ခုကို ဖွင်​့​​လှစ်​​ပေး​​ထား​​သည်။ ​​ဒေါင်လိုက်အ​​နေအထား​​ Showerခန်း​​များ​​ ပါရှိ​​သော အခန်း​​ကို ၁၅ ယွမ်၊ ​​ရေချိုး​​ကန်ပါ​​သော အခန်း​​ကို ၁၈ ယွမ်ဖြင်​့​​ ငှား​​ရမ်း​​​​နေ​​ကြောင်း​​ သိရသည်။ အဆိုပါ အခန်း​​ကို တစ်ဦး​​တည်း​​ အသုံး​​ပြုလိုပါကလည်း​​ ထက်ဝက်​​ဈေး​​ဖြင်​့​​ ငှား​​ရမ်း​​နိုင်သည်။

ကိုယ်ပိုင် စာချုပ်ဖြင်​့​​ လုပ်ကိုင်​​နေသူ တစ်ဦး​​က အဆိုပါ ​​ရေချိုး​​ခန်း​​ကို ငှား​​ရမ်း​​ကာ ဖွင်​့​​လှစ်ထား​​ခြင်း​​ဖြစ်သည်။ ​​ရေချိုး​​ခန်း​​၏ ​​အောက် ၂ ထပ်သည် သမား​​ရိုး​​ကျ မိသား​​စု၊ ​​ကျောင်း​​သား​​များ​​ အသုံး​​ပြုနိုင်​​သော သီး​​ခြား​​ ​​ရေချိုး​​ခန်း​​များ​​ဖြစ်​​ နေသည်။ တက္ကသိုလ် ​​ကျောင်း​​၀င်း​​အတွင်း​​ ယင်း​​ကဲ​့​​သို​့​​ ​​ရေချိုး​​ခန်း​​မျိုး​​ ရှိ​​နေခြင်း​​အ​​ပေါ် ​​ကျောင်း​​သူ​​ကျောင်း​​သား​​များ​​၏ အမြင်မှာလည်း​​ အ​​ရော​​ရော အ​​ထွေး​​​​ထွေး​​ဖြစ်​​နေသည်။

ဇူဟု အမည်​​ ဖော်ပြသည်​့​​ ဘွဲ​့​​ရ တစ်ဦး​​က “ကျွန်​​တော်က​​တော​့​​ လက်မခံနိုင်ဘူး​​။ တက္ကသိုလ် ​​ကျောင်း​​သား​​​​တွေဟာ အရွယ်​​ရောက်ပြီး​​သား​​ လူ​​တွေပါ။ ဒီ​​တော​့​​ သူတို​့​​ရည်း​​စား​​နဲ​့​​ ​​ရေတူတူချိုး​​တာကို ကိုယ်​့​​ စိတ်တိုင်း​​ကျ ဆုံး​​ဖြတ်နိုင်တယ်။ ဒါ​​ပေမဲ​့​​ တက္ကသိုလ် ​​ကျောင်း​​၀င်း​​ထဲမှာ ဒါမျိုး​​လုပ်တာက​​တော​့​​ ဆိုး​​ရွား​​တဲ​့​​ စရိုက်တစ်ခုပါ”ဟု ​​ဝေဖန်သွား​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here