အစ္စ​​ရေး​​နိုင်ငံမှ Anobit ကုမ္ပဏီကို ဝယ်ယူရန် Apple စီစဥ်

alt

Appleကုမ္ပဏီသည် အစ္စ​​ရေး​​နိုင်ငံမှ Flash Memoryများ​​ ထုတ်လုပ်သည်​့​​ ကုမ္ပဏီ Anobitကို ဝယ်ယူရန် စီစဥ်​​နေ​​ကြောင်း​​ သိရှိရသည်။

Semiconductorများ​​ပါ ထုတ်လုပ်သည်​့​​ အဆိုပါ လုပ်ငန်း​​ အတွက် ​​ဒေါ်လာ သန်း​​ ၄၀ဝ နှင်​့​​ ၅၀၀ ကြား​​ Appleက မြှုပ်နှံဝယ်ယူရန် စီစဥ်​​နေသည်။ ယ​​နေ​့​​​​ခေတ်တွင် စမတ်ဖုန်း​​နှင်​့​​ Tabletကွန်ပျူတာများ​​၏ Memory စွမ်း​​​​ဆောင်ရည်ကို သိသိသာသာ မြှင်​ ့​​တင်​​ပေး​​လာနိုင်ရာ ယင်း​​ကဏ္ဍတွင် Appleက ပိုမိုထဲထဲဝင်ဝင် မြှုပ်နှံရန် ရည်ရွယ်လာခြင်း​​ဖြစ်သည်။

 

TechCrunchဝက်ဆိုက်က အ​​မေရိကန် နည်း​​ပညာ လုပ်ငန်း​​ကြီး​​သည် အစ္စ​​ရေး​​ထုတ် သတင်း​​စာများ​​မှ အဆိုကို ကိုး​​ကား​​ပြီး​​ ယခုသတင်း​​ကို ​​ဖော်ပြခဲ​့​​ခြင်း​​ဖြစ်သည်။ Appleသည် ယခင်ကတည်း​​က Anobit၏ နည်း​​ပညာကို iPhone၊ iPadနှင်​့​​ Macbook Airတို​့​​တွင် အသုံး​​ပြုထား​​ပြီး​​ ဖြစ်သည်။

ယခုအခါ ယင်း​​ကုမ္ပဏီကို လက်​​အောက်ခံအဖြစ် သိမ်း​​သွင်း​​ရန် ​​ခြေလှမ်း​​ပြင်လာခြင်း​​ဖြစ်သည်။ အကယ်၍ အ​​ရောင်း​​အဝယ် အထ​​မြောက်ပါက ၁၉၉၇ ခုနှစ်က NeXTကို ဝယ်ယူခဲ​့​​ပြီး​​​​ နောက်ပိုင်း​​ Apple၏ အကြီး​​မား​​ဆုံး​​ ရင်း​​နှီး​​မြှုပ်နှံမှု ဖြစ်လာနိုင်ပြီး​​ Appleကို CEOအဖြစ် တင်ကွတ် တာဝန်ယူပြီး​​​​နောက်ပိုင်း​​ ပထမဆုံး​​ ကြီး​​မား​​သည်​့​​ ​​ခြေလှမ်း​​တစ်ရပ်အဖြစ် ယူဆရမည်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here