မိခင်ဖြစ်သူ၏ ဝိဉာဥ်ကို တွေ့မြင်ခဲ့သည်ဟု အဆိုတော် ဆူဇန်ဘွိုင်းပြောကြား

alt

ဗြိတိသျှ နာမည်ကျော် အဆိုတော် ဆူဇန်ဘွိုင်းက သူမသည် မိခင်ဖြစ်သူ၏ ဝိဉာဥ်ကို တွေ့မြင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အသက် ၅၀ အရွယ် အဆိုတော်၏ မိခင်ဖြစ်သူ ဘရီဂက်ဘွိုင်းသည် ၂၀၀၇ ခုနှစ်က အသက် ၉၁ အရွယ်တွင် ဆုံးပါးသွားခဲ့သည်။ ဆူဇန်က မိခင်ဖြစ်သူသည် သူမကို ကိုယ်ထင်ပြခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ သူမနှင့် မိခင်တို့သည် အနောက် လိုသီယန်ရှိ ဘလက်ဘန်းမှ နေအိမ်တွင် ဆူဇန်၏ ဘဝတစ်လျှောက်လုံး အတူနေထိုင်ခဲ့သည်။

ဆူဇန်က “ဒီအိမ်က အမေ့ရဲ့ အိမ်ပဲလေ။ သူ့ရဲ့ စွမ်းအင်တွေက ဒီမှာ ဆက်ပြီး ရှင်သန်နေတယ်။ ကျွန်မ အမေကို အိမ်ထဲမှာ သေချာတွေ့လိုက်တယ်။ နောက်ပြီး သူစွတ်နေကျ ရေမွှေးအနံ့လည်း ရတယ်။ သေချာပါတယ်။ ကျွန်မ အမြင် မမှားပါဘူး”ဟု ပြောကြားသွားသည်။ ထို့အပြင် သူမက လက်ရှိတွင် အထီးကျန် ဆန်နေကြောင်းလည်း ဝန်ခံခဲ့သည်။

“ကျွန်မအတွက် အဓိက ပြဿနာက အရမ်း အထီးကျန်နေတာပါပဲ။ ဒါကို အမေကလည်း သိပုံရတယ်။ ကျွန်မကို တစ်ယောက်တည်း ထားခဲ့ရတာ သူစိတ်မချဘူးနဲ့ တူပါတယ်။ ဒီလိုမရည်ရွယ်တဲ့အကြောင်း ကျွန်မကို ပြောပြချင်နေပုံပဲ”ဟုလည်း ဆူဇန်က ပြောကြားခဲ့သည်။ သူမသည် Britain’s Got Talent အစီအစဥ်မှ ထွက်ပေါ်လာပြီးနောက် ကမ္ဘာကျော် အဆိုတော် တစ်ဦးအဖြစ် လျင်လျင်မြန်မြန် အောင်မြင်လာခဲ့သူလည်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here