ကြောက်မက်ဖွယ် အရိုးခေါင်းပုံ သဘာဝ ရေအောက်လှိုဏ်ဂူကြီး

alt

အေးခဲနေသော ရေထဲတွင် အပျော်တမ်း ဒိုင်ဗင်သမားအချို့ သေဆုံးခဲ့ဖူးသည်ဆိုသော မှတ်တမ်းကပင် ထိုကန်ကြီးကို လူအများ ခြောက်ခြားစေမည့် အကြောင်းရင်း တစ်ခုဖြစ်သည်။

သို့သော်လည်း ကန်အောက်ခြေရှိ ထူးခြားသော လှိုဏ်ဂူကြီး တစ်ခုက ပိတ်သိမ်းလိုက်ပြီဖြစ်သည့် ဟော့ဂျ်ကျောက်မိုင်းရှိ ရေကန်ကြီးကို ပိုမို ထိတ်လန့်ဖွယ်ရာ နေရာတစ်ခု ဖြစ်လာစေခဲ့သည်။ ကမ်ဘရီရာတွင်ရှိသော ရေကန်ဟောင်းကြီးထဲတွင် ကြောက်မက်ဖွယ် အရိုးခေါင်းပုံ သဘာဝ ရေအောက် လှိုဏ်ဂူကြီးတစ်ခု ဖြစ်ပေါ်နေသည်။

၂၅ မီတာမျှ ရှည်လျားသော ကန်ထဲတွင် ၂ မီတာ ရှည်သော အဆိုပါ သဘာဝလှိုဏ်ခေါင်း ဖြစ်တည်နေခြင်းဟု သိရသည်။ ယင်းကို ဓာတ်ပုံရိုက်လာသည့် ပီတာဘရက်စလေက “ပုံကို ကြည့်စမ်းပါဦး။ ဘာကြောင့် ဒီကျောက်မိုင်းဟောင်းကြီးက ကြောက်စရာ ကောင်းနေလဲဆိုတဲ့ အဖြေကို ရှာတွေ့လိမ့်မယ်။ ဒီကျောက်မိုင်းကြီးမှာ ဒိုင်ဗင်သမားတွေ သေဖူးတယ်။ အပျော်တမ်း တောင်တက်တဲ့သူတွေ သေဖူးတယ်။

တကယ်တော့ ဒီနေရာဟာ Indiana Jones ဇာတ်ကားတွေထဲမှာ ပါနေကျ ခြောက်ခြားစရာ နေရာမျိုးပါ”ဟု ပြောကြားခဲ့သည်။ ၎င်းက ထိုနေရာတွင် ဒိုင်ဗင်ထိုးရင်း အဆိုပါ လှိုဏ်ခေါင်း၏ ထူးဆန်းသော တည်နေပုံကို သတိပြုမိကြောင်း ရှင်းပြခဲ့သည်။ အဆိုပါ နေရာသည် လက်ရှိအချိန်ထိ သဘာဝ ဖွဲ့စည်းပုံရ ဒိုင်ဗင်သမားများအကြိုက် နေရာတစ်ခုအဖြစ် တည်ရှိနေဆဲဟုလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here