တရုတ်ကလပ် ရှန်ဟိုင်းဆင်ဟွာ အသင်းသည် နီကိုလက်စ် အနယ်ကာကို ခေါ်ယူ

alt

တရုတ်ကလပ် ရှန်ဟိုင်းဆင်ဟွာ အသင်းသည် နီကိုလက်စ် အနယ်ကာကို ခေါ်ယူပြီးနောက် ချယ်လ်ဆီးမှ တွဲဖက်တိုက်စစ်မှူး ဒီဒီရာ ဒရော့ဘာကိုပါ ချိတ်ဆက်နေကြောင်း သိရှိရသည်။

အနယ်ကာသည် ရှန်ဟိုင်းအသင်းနှင့် အတည်ပြု စာချုပ်ခဲ့ပြီးနောက် ဇန်နဝါရီလတွင် အာရှတိုက်သို့ အတည်ပြု ပြောင်းရွှေ့မည်ဖြစ်သည်။ ယခုအခါ ရည်မှန်းချက် ကြီးမားသော ရှန်ဟိုင်းသည် ပြင်သစ်တိုက်စစ်မှူး အနယ်ကာအပြင် အိုင်ဗရီကို့စ် လက်ရွေးစင် ဒရော့ဘာကိုပါ ဝယ်ယူနိုင်ရန် မျှော်လင့်နေသည်။ ဒရော့ဘာသည် ရာသီကုန်တွင် ချယ်လ်ဆီးနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး ယခုထိ သက်တမ်းတိုးရန် ဆွေးနွေးမှု မအောင်မြင်ခဲ့ပေ။

တရုတ်စူပါလိဂ် ကလပ်အသင်းသည် အနယ်ကာကို တစ်ပတ်လုပ်ခ ပေါင်စတာလင် ၁၇၅၀၀၀ ဖြင့် ၂ နှစ် စာချုပ်ခဲ့ပြီးနောက် ဒရော့ဘာကိုလည်း တစ်ပတ်လုပ်ခ ပေါင်စတာလင် ၂၀၀၀၀၀ ဖြင့် ခေါ်ယူနိုင်ရန် ရည်ရွယ်ထားသည်။ ဆင်ဟွာအသင်း၏ အဓိက ကျောထောက်နောက်ခံ စီးပွားရေးသမား ဇူဂျန်က ဒရော့ဘာကို တရုတ်စူပါလိဂ်တွင် ကစားစေလိုကြောင်း အတည်ပြုခဲ့သည်။

ဇူက “ဒရော့ဘာဟာ တကယ့် ကစားသမားကောင်းပါ။ သူ့လို ကစားသမားကောင်းမျိုးဟာ တရုတ် ဘောလုံးလောကကို တိုးတက်အောင် ကူညီနိုင်မှာပါ။ ကျွန်တော်တို့မှာ အခွင့်အရေးရှိရင် ဒရော့ဘာ ကိစ္စအတွက် ဆွေးနွေးချင်ပါတယ်”ဟု ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည်။ အစောပိုင်းကမူ ချယ်လ်ဆီးအသင်း မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုဝါးစ်သည် ဒရော့ဘာကို စာချုပ်သက်တမ်းတိုးနိုင်ရန် မျှော်လင့်ထားကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here