မတော်တဆမှုကြောင့် တရုတ်မင်းသမီး ပရိသတ်ရှေ့အရှက်ကွဲ

alt

တရုတ်နိုင်ငံမှ ရုပ်ရှင်မင်းသမီးတစ်ဦး မတော်တဆမှု တစ်ခုကြောင့် ပရိသတ်ရှေ့တွင် အရှက်ကွဲခဲ့ရသည်။

တရုတ်နိုင်ငံ၏ ၂၀၁၁ ခုနှစ်အတွက် အထူးချွန်ဆုံး အမျိုးသားဆုကို ကြေညာရန် မင်းသမီး ဆန်ဖီဖီက တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။ သူမသည် TVအစီအစဥ်မှူး ဖန်လင်းနှင့်အတူ စင်ပေါ်တွင် ရှိနေစဥ် ဖန်က သူမ၏ ရှည်လျားသော ဂါဝန်စကို မတော်တဆ နင်းထားမိသည်ကို မသိခဲ့ချေ။ တနင်္ဂနွေနေ့က အဆိုပါ မတော်တဆမှုကြောင့် ဆန်သည် လမ်းလျှောက်ရင်း အင်္ကျီကျွတ်ကာ ရှေ့ပိုင်းမှ အောက်ခံဘရာစီယာပါ ထင်းထင်းလင်းလင်း ပေါ်သွားသည်။

ရုတ်တရက် ထိတ်လန့်သွားသော မင်းသမီးသည် ရှက်ရှက်နှင့် အင်္ကျီကို ဆွဲတင်ပြီးနောက် ပွဲပြီးထိ မနေဘဲ ထွက်ခွာသွားခဲ့သည်။ ဆုပေးပွဲတွင် ချန်ကွန်းက ယခုနှစ်က အကောင်းဆုံး အနုပညာရှင်ဆုကို ရရှိခဲ့သည်။ ဇောင်ဂျီချူက တစ်နှစ်တာ အလှဆုံး အမျိုးသမီးဆုကို ပိုင်ဆိုင်ခဲ့ပြီး ဒန်ချောင်က တစ်နှစ်တာ အထူးချွန်ဆုံး မင်းသားဆုကို ရရှိခဲ့သည်။

ရေကူးသမား ဆန်ယန်း၊ ပန်းချီဆရာ ဇူချန်ယာ၊ ဒါရိုက်တာ ဂူချန်ဝီ၊ မင်းသားများဖြစ်သည့် ဟောင်ဇီမင်နှင့် ဝူဇင်ဘိုတို့သည် တစ်နှစ်တာ အထူးချွန်ဆုံး အမျိုးသားများအဖြစ် ဆုပေးရွေးချယ် ခံရကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here