သမီးဖြစ်သူအား မုဒိမ်းကျင့်သည့် အမျိုးသားကို ကြိမ်ဒဏ်အချက်ပေါင်း ၂၀၈၀ ရိုက်ရန် အမိန့်ချ

alt

ဆော်ဒီအာရေဗျ နိုင်ငံတွင် သမီးဖြစ်သူအား မုဒိမ်းကျင့်ခဲ့သည့် အမျိုးသား တစ်ဦးအား ကြိမ်ဒဏ် အချက်ပေါင်း ၂၀၈၀ ရိုက်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ဆော်ဒီ သတင်းစာ တစ်စောင်က အဆိုပါ အမျိုးသားသည် ယင်းကြိမ်ဒဏ်အပြင် ထောင်ဒဏ် ၁၃ နှစ်ကိုလည်း သီးခြားချမှတ် ခံရကြောင်း ဖော်ပြခဲ့သည်။ ဘာသာရေးအရ မြင့်မြတ်သော မက္ကာမြို့ရှိ တရားရုံးက အဆိုပါ အမျိုးသားသည် ဆယ်ကျော်သက်အရွယ် သမီးရင်း ကို ရ နှစ်သမီး ကတည်းက မုဒိမ်းကျင့်လာကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။

မူးယစ်ဆေး သုံးစွဲပြီးနောက် သမီးရင်းကိုပင် ပြုကျင့်ခဲ့သည့် အမျိုးသား၏ အမည်ကိုမူ Okzaသတင်းစာက မဖော်ပြခဲ့ချေ။ ဆော်ဒီ ဘာသာရေး ရဲများက မိန်းကလေး၏ ဦးလေးတော်စပ်သူက အဆိုပါ ကိစ္စကို ရာဇဝတ်မှုအနေနှင့် တိုင်ကြားခဲ့ကြောင်း ပြောကြားသွားသည်။ ဆော်ဒီတွင် ဘာသာရေးအရ ချမှတ်သော ပြစ်ဒဏ်များအနက် ကြိမ်ဒဏ်သည်လည်း အပါအဝင်ဖြစ်သည်။

ဆော်ဒီတွင် မွတ်ဆလင် ဘာသာရေးအရ စည်းမျဥ်းများ သတ်မှတ်အုပ်ချုပ်နေပြီး ယခုပြစ်မှုကို ဘာသာရေးရှုထောင့်မှ စီရင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here