သစ္စာအမဲ့​ဆုံး​စာရင်း​တွင် မ​လေး​ရှား​နိုင်ငံသား​များ​ ထိပ်ဆုံး​ပိုင်း​တွင်ပါဝင်

alt

မ​လေး​ရှား​ နိုင်ငံသား​များ​သည် ကမ္ဘာ​ပေါ်တွင် သစ္စာအမဲ့​ဆုံး​ နိုင်ငံသား​များ​ စာရင်း​အနက် ထိပ်ဆုံး​နား​မှ ပါ၀င်​နေ​ကြောင်း​ သိရှိရသည်။

စစ်တမ်း​တစ်ခုအရ မ​လေး​ရှား​နိုင်ငံသား​ ၃၃ ရာခိုင်နှုန်း​မျှသည် လက်တွဲ​ဖော်အ​ပေါ် သစ္စာ​ဖောက်ဖူး​​ကြောင်း​ ဝန်ခံခဲ့​သည်။ ၎င်း​၏အထက်တွင် ထိုင်း​နှင့်​ ​တောင်ကိုရီး​ယား​တို့​သာ ကျန်​တော့​သည်။ ထိုင်း​လူမျိုး​ ၅၄ ရာခိုင်နှုန်း​က သစ္စာ​ဖောက်ဖူး​​ကြောင်း​ ဖွင့်​ဟခဲ့​ပြီး​ ​တောင်ကိုရီး​ယား​တို့​၏ ၃၄ ရာခိုင်နှုန်း​ကလည်း​ သစ္စာ​ဖောက်​လေ့​ရှိ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ မ​လေး​ရှား​နိုင်ငံမှ အမျိုး​သမီး​ ၃၉ ရာခိုင်နှုန်း​က ခင်ပွန်း​၊ ချစ်သူတို့​အ​ပေါ် သစ္စာ​ဖောက်မိ​ကြောင်း​ ​ပြောဆိုခဲ့​သည်။

အမျိုး​သမီး​အများ​စု သစ္စာ​ဖောက်မှု အများ​ဆုံး​ နိုင်ငံများ​မှာ ၆၂ ရာခိုင်နှုန်း​ရှိသည့်​ နိုက်ဂျီး​ရီး​ယား​နှင့်​ ၅၉ ရာခိုင်နှုန်း​ရှိသည့်​ ထိုင်း​တို့​ဖြစ်သည်။ ရုရှား​အမျိုး​သမီး​တို့​ သစ္စာ​ဖောက်မှု ပမာဏသည် ၃၃ ရာခိုင်နှုန်း​ဖြစ်ပြီး​ စင်္ကာပူကမူ ၁၉ ရာခိုင်နှုန်း​ဖြင့်​ ပဥ္စမချိတ်သည်။ ယခုစစ်တမ်း​ကို ကွန်ဒုံး​ထုတ်လုပ်သည့်​ Durexက ပြုလုပ်ခဲ့​ပြီး​ ၃၆ နိုင်ငံမှ လူ​ပေါင်း​ ၂၉၀၀၀ ကို သ​ဘောထား​​ကောက်ခံ ​မေး​မြန်း​ခဲ့​သည်။

မ​လေး​ရှား​ နိုင်ငံသား​များ​သည် ပျမ်း​မျှအား​ဖြင့်​ ဘဝတွင် အမျိုး​သမီး​ ၄ ဦး​မျှနှင့်​ လိင်ဆက်ဆံဖူး​​ကြောင်း​နှင့်​ စင်္ကာပူ၊ ​ဟောင်​ကောင်တို့​က ပျမ်း​မျှ ၁၆ ဦး​ထိရှိရာ အာရှတိုက်တွင် အများ​ဆုံး​ဖြစ်​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here