​တောင်ဝင်ရိုး​စွန်း​သို့​ စွပ်ဖား​ဖြင့်​ သွား​​ရောက်နိုင်သည့်​ အသက်အငယ်ဆုံး​ မိန်း​က​လေး

alt

အသက် ၁၆ နှစ်အရွယ် ဗြိတိသျှ ​ကျောင်း​သူ​လေး​ အမီလီ ဟမ်ပလီမန် အဒမ်သည် ​တောင်ဝင်ရိုး​စွန်း​ ​ဒေသသို့​ စွပ်ဖား​ဖြင့်​ သွား​​ရောက်နိုင်သည့်​ အသက်အငယ်ဆုံး​ မိန်း​က​လေး​ ဖြစ်လာခဲ့​သည်။

သူမ၏ ဖခင်ဖြစ်သူ ​ဒေး​ဗစ် ဟမ်ပလီမန် အဒမ်၏ စွန့်​စား​မှု ​ခြေရာကို ထပ်တူလိုက်နိုင်ခဲ့​ပြီ ဖြစ်သည်။ သူမသည် ၁၇ ညလုံး​လုံး​ ဖြတ်သန်း​ခရီး​နှင်ပြီး​​နောက် ၂၄ နာရီပတ်လုံး​ ​နေ​ရောင်ရရှိသည့်​ ​တောင်ဝင်ရိုး​စွန်း​သို့​ ​ရောက်ရှိခဲ့​သည်။ သူမသည် ၉၇ မိုင်လုံး​လုံး​ စွပ်ဖား​ဖြင့်​ ခရီး​နှင်ခဲ့​ရသည်။

ဖခင်နှင့်​အတူ ​တောင်ဝင်ရိုး​စွန်း​သို့​ ​ရောက်ရှိခဲ့​ရသည့်​ အ​တွေ့​အကြံုသည် မည်သည့်​အရာနှင့်​မျှ ခိုင်း​နှိုင်း​ပြ၍ မရ​သော အ​တွေ့​အကြံုများ​ကို ရရှိ​စေခဲ့​​ကြောင်း​ အမီလီက ဆိုသည်။ “စူး​စမ်း​မှု၊ စွန့်​စား​မှု​တွေရဲ့​ အကြီး​ကျယ်ဆုံး​ စိန်​ခေါ်မှု​တွေပါပဲ။ ကျွန်မ အရမ်း​​အေး​တဲ့​ ရာသီဥတုမှာ အစာ​ခြောက်​တွေ စား​ခဲ့​ရတယ်။

ကျွန်မအတွက်​တော့​ ပထမဆုံး​ ​တောင်ဝင်ရိုး​စွန်း​ ခရီး​စဥ်ဟာ ခက်ခဲ​ပေမယ့်​ ​အောင်မြင်ချိန်မှာ သိပ်​ပျော်ဖို့​​ကောင်း​ပါတယ်”ဟု အမီလီက ​ပြောကြား​ခဲ့​သည်။ ဝစ်ရှိုင်း​ယား​တွင် ​နေထိုင်​သော အမီလီ၏ ဖခင်ဖြစ်သူ ​ဒေး​ဗစ်သည် ​တောင်ဝင်ရိုး​စွန်း​သို့​ တစ်ကိုယ်​တော် ​ရောက်​အောင် သွား​ရှိနိုင်သည့်​ ပထမဆုံး​​သော ဗြိတိန်နိုင်ငံသား​အဖြစ် မှတ်တမ်း​တင်ထား​သူ ဖြစ်​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here