ကမ္ဘာ့​အသက်အကြီး​ဆုံး​​ခွေး​ ​သေဆုံး​သွား​ပြီဖြစ်

alt

ကမ္ဘာ​ပေါ်တွင် အသက်အကြီး​ဆုံး​အဖြစ် မှတ်တမ်း​တင်ခြင်း​ ခံထား​ရ​သော ​ခွေး​ကြီး​မှာ ယခုအခါ ​သေဆုံး​သွား​ပြီဖြစ်သည်။

ပူဆူကီဟု အမည်​ပေး​ထား​​သော ​ခွေး​ကြီး​သည် ဂျပန်နိုင်ငံရှိ ပိုင်ရှင်ဖြစ်သူ၏ ​နေအိမ်တွင်ပင် ကွယ်လွန်သွား​ရှာသည်။ ​ခွေး​ထီး​ကြီး​သည် ​နောက်ဆုံး​ထွက်သက်တွင် ညင်ညင်သာသာပင် ရှိခဲ့​​ကြောင်း​လည်း​ သိရသည်။

အသက် ၂၆ နှစ်ရှိ ​ခွေး​ကြီး​သည် ဂင်း​ နစ်မှတ်တမ်း​ စာအုပ်၏ ကမ္ဘာ့​အသက်အကြီး​ဆုံး​ ​ခွေး​အဖြစ် မှတ်တမ်း​တင်ခြင်း​ကိုလည်း​ ခံထား​ရသည်။ ၎င်း​၏ အသက်သည် လူ့​သက်တမ်း​နှင့်​ ချိန်ထိုး​ကြည့်​ပါက ၁၈၆ နှစ်နှင့်​ ညီမျှသည်။ ​ ကြေကွဲ​နေသည့်​ ပိုင်ရှင် ယူမီကို ရှီနိုဟာရာက သူမ၏ ​ခွေး​ကြီး​သည် ယခုသီတင်း​ပတ် အ​စောပိုင်း​ကပင် ​ပျော်​ပျော်ရွှင်ရွှင် ကျန်း​ကျန်း​မာမာ ရှိ​နေ​သေး​​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

သို့​​သော်လည်း​ ပူဆူကီသည် ဗုဒ္ဓဟူး​​နေ့​ ညပိုင်း​တွင် အသက်ရှူ ခက်ခဲလာပြီး​ ​သေဆုံး​သွား​သည်။ သူမသည် တိုချီဂီရှိ ​နေအိမ်သို့​ အလုပ်မှ ပြန်လာပြီး​ ၃ မိနစ် အကြာတွင် ပူဆူကီ၏ ​နောက်ဆုံး​ထွက်သက်ကို ​ တွေ့​မြင်လိုက်ရ​ကြောင်း​ ယူမီကိုက ဆိုသည်။ ပူဆူကီ၏ စံချိန်သည် ထာဝရ အသက်အရှည်ဆုံး​ ​ခွေး​ဖြစ်ခဲ့​သည့်​ ဩစ​တြေး​လျ နိုင်ငံမှ ဘလူဝီကိုမူ မမီခဲ့​​ပေ။ ၁၉၃၉ ခုနှစ်က ​သေဆုံး​သွား​​သော ဘလူဝီသည် အသက် ၂၉ နှစ်နှင့်​ ၅ လထိ ​နေသွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here