လူမွဲ​တွေက မ​နှေး​ခေတ်မီ သူ​ဌေး​ဖြစ်​တော့​မည်

အခုတ​​လော တီဗီထဲမှာ ညတိုင်း​​ကြား​​​နေရတဲ့​​ “ဆင်း​​ရဲနွမ်း​​ပါး​​မှု ​​လျှော့​​ချ​​ရေး​​” ဆိုတဲ့​​ စကား​​လုံး​​က​​လေး​​ကို အရင်က မကြား​​ဖူး​​ခဲ့​​လို့​​ အသစ်အဆန်း​​ဖြစ်​​နေ​​ပေမယ့်​​

အဲဒါ အထူး​​အဆန်း​​​တော့​​ မဟုတ်ပါဘူး​​။ ​​ကော့​​စမက်တစ်အ​​တောင့်​​လိုက်နဲ့​​ ဘိူ​​ကေကို ​​ပြောင်​​နေ​​အောင်ဖြီး​​လို့​​ ဘန်​​ကောက်လုံချည်တရွှမ်း​​ရွှမ်း​​ဝတ်တဲ့​​ ဘိုး​​​တော်ကြီး​​ခင်​​မောင်ရင် ​​ခေတ်ကတည်း​​က “ ဆင်း​​ရဲခြင်း​​ လွတ်ကင်း​​​အောင် လမ်း​​ပြ​​ဆောင်ပါမည်” လို့​​ ဆို​​နေလိုက်တာ ဒီက​​နေ့​​ ​​မြေး​​များ​​မြစ်များ​​​ခေတ်မှာ​​တောင် ကာရာအို​​ကေ ဘီယာဆိုင် စင်တင်​​တေး​​ဂီတတို့​​အလယ်မှာ ဘဘကြီး​​တို့​​အကြိုက် ဟစ်သီချင်း​​ဖြစ်​​နေဆဲပါပဲ။ သူသူကိုယ်ကိုယ် ဆိုချင်တိုင်း​​ဆို​​နေကြလို့​​ အလွတ်​​တောင်ရ​​နေကြပြီဆို​​ပေမယ့်​​ “အဲဒါ ဘာ​​ပြောတာလဲ” လို့​​ ​​ရေ​​ရေရာရာ ​​မေး​​ကြည့်​​ရင် ဘယ်သူမှ ဂဃနဏ မ​​ပြောနိုင်ပါဘူး​​။ “သိဘူး​​​လေ။ သီချင်း​​ပဲ။ ဒီလိုပဲ ဆိုပလိုက်တာ​​ပေါ့​​” လို့​​ ​​ပြောကြပါလိမ့်​​မယ်။ နဂါး​​နီဆိုတာ ဘာ​​ပြောမှန်း​​သိတဲ့​​သူ အင်မတန်ရှား​​ပါတယ်။

( မယုံရင် ကိုယ့်​​ဘာသာ လိုက်​​မေး​​ကြည့်​​​ပေ​​တော့​​) တကယ်​​တော့​​ နဂါး​​နီဆိုတာ အင်္ဂလိပ်နယ်ချဲ့​​လက်​​အောက်မှာတုန်း​​က မြန်မာအမျိုး​​သား​​တို့​​ရဲ့​​ အသိဉာဏ်​​တွေရင့်​​သန်​​စေဖို့​​ ဖွင့်​​လှစ်လိုက်တဲ့​​ စာဖတ်အသင်း​​ကြီး​​ရဲ့​​ အမည်ဖြစ်ပြီး​​ “မြန်မာ​​တွေ ဆင်း​​ရဲတွင်း​​က လွတ်​​စေဖို့​​ အသိဉာဏ်တိုး​​​အောင် စာဖတ်သင့်​​တယ်” လို့​​ အဓိပ္ပါယ်ရတဲ့​​ သီချင်း​​တစ်ပုဒ်ဖြစ်ပါတယ်။ မြန်မာသီချင်း​​ကို မြန်မာ​​တွေနား​​လည်​​အောင် မြန်မာလိုပြန်ပြရတာ ဖတ်ဖတ်ကို​​မောပါ​​ရောလား​​။ ဆိုမယ့်​​သာဆို​​နေကြပြီး​​ စာသား​​​တွေက လျှာဖျား​​က​​နေ ဦး​​​နှောက်ထဲအထိမှ စိမ့်​​ဝင်မလာပဲကိုး​​။ အလွတ်မှတ်မိတာ​​တောင် အဓိပ္ပါယ် မ​​ကောက်မိတာ အံ့​​ဩပါ့​​။ အခုလည်း​​ ​​ပြောမယ့်​​သာ​​ပြော​​နေတာ လျှာ​​ပေါ်တင်ဝဲပြီး​​ ​​လေထဲတွင် ​​ပျောက်သွား​​မှာစိုး​​လို့​​ ​​တွေး​​မိ​​တွေး​​ရာ ဆက်ပြိး​​ ​​တွေး​​ကြည့်​​မိပါတယ်။ လုပ်တာ မလုပ်တာက​​တော့​​ မမြင်ရ​​သေး​​တာမို့​​ ဧဝံ​​မေသုတံ အဆင့်​​ပဲ ရှိ​​သေး​​တာ။ အရင်တုန်း​​ကလို “မရှိစကား​​ မကြား​​ရ​​စေသတည်း​​” ဆိုပြီး​​ ဆင်း​​ရဲသား​​ခန်း​​ဆို ရုပ်ရှင်ထဲ​​တောင် ထည့်​​မရိုက်ရဘူး​​လို့​​ ကြိုတင် ဆင်ဆာဖြတ်ထား​​တာထက်စာရင်​​တော့​​ အများ​​ကြီး​​ တိုး​​တက်​​ပြောင်း​​လဲလာပြီ​​ပေါ့​​။ ဆင်း​​ရဲသား​​များ​​ကို လူလူသူသူ စကား​​ထဲထည့်​​​ပြော​​ဖော်ရတာကိုက ဝမ်း​​​မြောက်ဝမ်း​​သာ သာဓု​​ခေါ်စရာ မဟုတ်ပါလား​​။ ( ဒါ​​ကြောင့်​​ ​​ရှေး​​လူကြီး​​​တွေက ​​ခွေး​​ဝမ်း​​သာ​​အောင် ​​လေလည်မပြနဲ့​​ လို့​​ ​​ပြောကြတာ​​နေမှာ)

ပထမဦး​​ဆုံး​​အဆင့်​​က​​တော့​​ မြန်မာပြည်မှာ ဆင်း​​ရဲနွမ်း​​ပါး​​တဲ့​​သူ​​တွေ ရှိ​​နေတယ်ဆိုတဲ့​​အချက်ကို မသိကျိုး​​ကျွံပြု​​နေရာက​​နေ တခုခု လုပ်​​ပေး​​ရ​​တော့​​မယ်လို့​​ နှုတ်၏​​စောင်မခြင်း​​နဲ့​​ အာရုံစူး​​စိုက်ခံလိုက်ရတာ​​ပေါ့​​။ “ဟုတ်စလား​​။ ငါတို့​​ တကယ်ပဲ ဆင်း​​ရဲမွဲ​​တေသွား​​ပလား​​” လို့​​ ကိုယ့်​​ဘာသာပြန်​​တွေး​​ကြည့်​​ပြန်​​တော့​​ အဲသ​​လောက်လည်း​​ အဆိုး​​ကြီး​​ မဟုတ်​​သေး​​ပါဘူး​​။ ငယ်ငယ်တုန်း​​ကဆို သမဆိုင်မှာ ငစိန် ငကျွဲ ဧည့်​​မထ​​လောက်ကို စာအုပ်နဲ့​​ တန်း​​စီပြီး​​ ထုတ်စား​​ရတဲ့​​ဘဝ၊​ နှုတ်ခမ်း​​ပါး​​နား​​ မပါတဲ့​​ သာယာဝတီထုတ် ​​ကြွေပန်း​​ကန်ထူကြီး​​​တွေကို ​​ကြွေရည်သုတ် ဒန်ဇလုံ ဒန်ဇွန်း​​နဲ့​​ စား​​ရတဲ့​​ဘဝ၊​ တီဗီဆိုတာ ​​ကောင်စီရုံး​​​ရှေ့​​မှာ ညဘက်​​နေရာဦး​​ပြီး​​ ကြည့်​​ရတဲ့​​ဘဝမှာ ​​တော်​​တော်များ​​များ​​ အသား​​တကျ ​​နေလာခဲ့​​တာပါ။ ဘယ်သူကမှ ငါတို့​​ ဆင်း​​ရဲ​​လေစွ ဆိုတဲ့​​စိတ်​​တောင် မ​​ပေါက်ခဲ့​​ဘူး​​။ ဒီက​​နေ့​​​ခေတ် လူအများ​​စုရဲ့​​ အိမ်​​တွေနဲ့​​ ယှဉ်ကြည့်​​လိုက်ရင် ဝင်း​​သူဇာနဲ့​​ စီး​​တီး​​မတ်​​လောက်ကို လူသုံး​​ပစ္စည်း​​အဆင့်​​အတန်း​​​တွေက ကွာခြား​​သွား​​ပြီ။ ဒါ အများ​​စုရဲ့​​ လူ​​နေမှုအဆင့်​​အတန်း​​ကို​​ပြောတာပါ။ အရမ်း​​ချမ်း​​သာတဲ့​​သူ အရမ်း​​ဆင်း​​ရဲတဲ့​​သူဆိုတာက​​တော့​​ ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် ရှိကြတာပဲ​​လေ။ “လူတန်း​​စား​​​တွေ ကွာဟကုန်မှာ​​ပေါ့​​။ မင်း​​တို့​​က ငါ့​​​ပြောစကား​​မှ နား​​မ​​ထောင်တာ” လို့​​ သွား​​​လေသူကြီး​​က ​​ရောက်ရာဘဝက​​နေ မင်္ဂလာဝင်ယူ​​နေပါဦး​​မယ်။ အဲသလို​​တော့​​လည်း​​ မဟုတ်ပြန်ပါဘူး​​။ လူတန်း​​စား​​ကွဲပြား​​တာ ပြဿနာမှ မဟုတ်တာ။ နိမ့်​​ကျဆင်း​​ရဲတဲ့​​လူတန်း​​စား​​အ​​ပေါ်မှာ ဘယ်သူက ငဲ့​​ညှာမလဲ ဘယ်သူ ကူညီ​​ဖေး​​မ မလဲဆိုတာကသာ ပြဿနာပါ။ ဘယ်စား​​ရိတ်​​တွေ ဘယ်လိုပဲ မိုး​​ပျံ​​အောင်ကြီး​​ပါ​​စေ ကျူရှင်ပြစား​​တဲ့​​ ဝင်​​ငွေနဲ့​​တင် နိုင်ငံခြား​​ကို ​​လေယာဉ်စင်း​​လုံး​​ငှား​​ပြိး​​ ​​ဆေး​​သွား​​ကုနိုင်သူ​​တွေအတွက် အစိုး​​ရအ​​ထောက်အပံ့​​ တစ်ပြား​​သား​​မှ မလို​​ပေမယ့်​​ မတ်တတ်စာသာရှိပြီး​​ တုန်း​​လုံး​​စာမရှိတဲ့​​ ဆင်း​​ရဲသား​​ပြည်သူ​​တွေအတွက်​​တော့​​ အခမဲ့​​​ဆေး​​ကုသခွင့်​​ဆိုတာက​​လေး​​ ရှိသင့်​​တယ်ဆိုတဲ့​​အ​​ကြောင်း​​ ဆရာဝန်ပီပိ ကိုယ်နဲ့​​ဆိုင်တဲ့​​ဆီကပဲ အစဆွဲထုတ်လိုက်ပါတယ်။

နိုင်ငံ​​တော်က ​​ငွေ​​ကြေး​​သန်း​​​ပေါင်း​​များ​​စွာစိုက်ထုတ်ပြီး​​ ​​ဆေး​​ရုံ​​ဆေး​​​ပေး​​ခန်း​​များ​​စွာဖွင့်​​လှစ်၊​ ဝန်ထမ်း​​အင်အား​​ အ​​မြောက်အများ​​ခန့်​​ထား​​ပြီး​​ပြီလို့​​ မကြာခန ​​ကြော်ငြာထုတ်​​နေတာဟာ ဦး​​​နေဝင်း​​လက်ထက်က ​​ဒေါ်လာ​​ဈေး​​ကို ဆယ့်​​​ခြောက်ကျပ်နဲ့​​ဖြတ်ထား​​ပြီး​​ တသက်လုံး​​​လှေနံဓား​​ထစ်ထား​​သလိုပါပဲ။ အဲဒီ​​ဆေး​​ရုံ​​တွေမှာ ဆရာဝန်​​တွေ အလုပ်လုပ်ရင် လုပ်သ​​လောက် ​​နောက်ထပ်လိုအပ်လာတဲ့​​ ကုန်ကျစား​​ရိတ်ဆိုတာ မီတာတက်သလို တက်လာဦး​​မှာပဲ။ ​​စောန ဥပမာနဲ့​​ပဲ တဆက်တည်း​​​တွေး​​ရရင် ကျူရှင်ဆရာတစ်​​ယောက်ရဲ့​​ မ​​သေး​​လှတဲ့​​ဝင်​​ငွေကို မြင်တာနဲ့​​ ​​ကျောင်း​​သား​​တစ်​​ယောက်ကျခံရတဲ့​​ ပညာ​​ရေး​​ကုန်ကျစား​​ရိတ်​​တွေကို ခန့်​​မှန်း​​နိုင်ပါတယ်။ ပညာ​​ရွှေအိုး​​ လုမတိုး​​နိုင်လို့​​ ပညာ​​ရေး​​ဆုံး​​ခန်း​​မတိုင်လိုက်ရတဲ့​​သူ​​တွေအတွက် အခမဲ့​​ ပညာသင်ကြား​​​ရေး​​ဆိုတာက​​လေး​​​ရော မရှိသင့်​​ဘူး​​လား​​။ အိမ်တိုင်း​​မှာ အသိဉာဏ်ရင့်​​ကျက်တဲ့​​သူ တစ်​​ယောက်စီသာ ရှိ​​နေမယ်ဆိုရင် သူ့​​အိမ်ကြီး​​ပွား​​တိုး​​တက်ဖို့​​ သူ့​​ဘာသာ ကြိုး​​စား​​လိမ့်​​မ​​ပေါ့​​။ မဟုတ်ဘူး​​လား​​။ ဒီ​​နေရာမှာလည်း​​ နိုင်ငံတဝှမ်း​​လုံး​​ တက္ကသိုလ်​​ကောလိပ် ဘယ်၍ဘယ်မျှ ဘွဲ့​​ရပညာတတ် တစ်နှစ်ကိုဘယ်​​လောက်ဆိုတာနဲ့​​ မရပြန်ပါဘူး​​။ နှစ်ကုန်ပြိး​​​မြောက်​​ကြောင်း​​ စာရွက်​​ပေါ် ဓါတ်ပုံကပ်​​ပေး​​လိုက်တာထက် အသိပညာ အတတ်ပညာတစ်ခုခု ​​ခေါင်း​​ထဲအ​​ရောက်သွင်း​​ပြီး​​ ထိုက်သင့်​​တဲ့​​ ​​နေရာတစ်​​နေရာရာမှာ တစ်ခုမျှလျှက် အသက်​​မွေး​​​ကြောင်း​​ ဖြစ်တုံ​​ရှောင်း​​၏ လို့​​ ဖြစ်သင့်​​တာ မဟုတ်ပါလား​​။

အစိုး​​ရဘက် တဘက်တည်း​​ကို အား​​ကိုး​​​နေလို့​​​တော့​​ မဖြစ်​​သေး​​ပါဘူး​​။ ပြည်သူ​​တွေဘက်ကလည်း​​ ပြုပြင်ယူရမယ့်​​ အကျင့်​​​တွေ အများ​​ကြိး​​ ရှိ​​နေပါတယ်။ အလကား​​ရရင် “အိမ်မှာ က​​လေး​​သုံး​​​ယောက်ကျန်​​သေး​​တယ်။ ​​ပေး​​လိုက်ပါဦး​​လား​​” ဆိုတဲ့​​ မ​​တော်​​လောဘကို အစသတ်နိုင်ရပါမယ်။ ဂီရိတုန်း​​က တစ်​​ယောက်တည်း​​ ဓါတ်ဆား​​ထုတ် ၁၅ခါလာထုတ်ပြီး​​ လမ်း​​ထိပ်တင် ပြန်ပြန်​​ရောင်း​​စား​​တဲ့​​ ကုလား​​မှင်စာ​​လေး​​​တွေအ​​ကြောင်း​​ ခုထက်ထိ ​​ပြောလို့​​မဆုံး​​​သေး​​ပါဘူး​​။ ဘာမှ တန်ဖိုး​​မရှိတဲ့​​ ဓါတ်ဆား​​ထုပ်​​တောင် အဲလိုလုပ်စား​​​နေမှ​​တော့​​ ​​ငွေ​​ကြေး​​သိန်း​​​သောင်း​​ မြတ်ရာမြတ်​​ကြောင်း​​မြင်လို့​​က​​တော့​​ ဘာ​​ပြော​​ကောင်း​​မလဲ​​နော်။ မြန်မာပြည်ကလူ​​တွေ ဖုန်း​​​တွေ ကား​​​တွေနဲ့​​ မတန်ရတဲ့​​အ​​ကြောင်း​​မှာ အဲဒီမ​​တော်​​လောဘ​​တွေက ထိပ်ဆုံး​​ကပါပါတယ်။ တစ်ရာရင်း​​လို့​​ တစ်ဆယ်မြတ်ရင်​​ရောင်း​​မယ်။ နှစ်ဆယ်မြတ်ရင်​​ရောင်း​​မယ်ဆိုတာမျိုး​​မရှိ​​တော့​​ပဲ “အမြင့်​​ဆုံး​​ ဘယ်​​လောက်ရမလဲ။ ရသ​​လောက်တင်ထား​​မယ်။” “ အနိမ့်​​ဆုံး​​ ဘယ်​​လောက် ​​အောက်​​ဈေး​​နှိုက်လို့​​ရမလဲ။ ရသ​​လောက်နှိမ်ဝယ်မယ်” ဆိုတဲ့​​ စိတ်ဓါတ်​​တွေ​​ကြောင့်​​ ကမ္ဘာ​​ပေါ်မှာ အ​​ဖောင်း​​ပွဆုံး​​​ဈေး​​ကွက်ကြီး​​ကို အဆင်း​​ရဲဆုံး​​နိုင်ငံမှာ ​​တွေ့​​​နေရတာမဟုတ်ပါလား​​။ (လူ​​တွေအ​​ကြောင်း​​ပဲ ​​ပြောမယ်​​နော်။ အထက်က လူလွန်မသား​​​တွေအ​​ကြောင်း​​​တော့​​ မ​​ပြော​​တော့​​ဘူး​​။ ​​ဗေဒင်ဆရာ​​တွေ ​​ဟော​​ပေါင်း​​များ​​လို့​​ အ​​ပြောအဆို ဆင်ခြင်မှ) ဒါ​​ကြောင့်​​လည်း​​ တရုတ် ကုလား​​ ယိုး​​ဒယား​​တို့​​ စပါယ်ယာလိုက်ရင်း​​ တံမျက်စည်း​​လှည်း​​ရင်း​​ နား​​မှာချိတ်ထား​​တဲ့​​ ဖုန်း​​ကို ကိုယ်​​တွေဆီမှာ အရာရှိ​​တောင် မစုမ​​ဆောင်း​​ပဲ မဝယ်နိုင်ဘူး​​မဟုတ်လား​​။

ကိုယ်လိုချင်တဲ့​​ ကြိုက်​​ဈေး​​ အမြင့်​​ဆုံး​​ရလို့​​ ​​ရောင်း​​​ရောင်း​​စား​​​နေမယ်ဆိုရင်လည်း​​ သူ​​ဌေး​​​တော့​​ဖြစ်လာမှာ မဟုတ်ပါဘူး​​။ အထည်ကြီး​​ပျက်ပဲ ဖြစ်လာပါလိမ့်​​မယ်။ အဘွား​​ဆုံး​​တုန်း​​က ကိုယ်​​နေတဲ့​​တိုက်တန်း​​လျား​​က​​လေး​​ဟာ ​​လေး​​ခန်း​​တွဲ နှစ်ထပ်အိမ်က​​လေး​​ပါ။ တိုး​​တက်စည်ပင်လာတဲ့​​ မြို့​​ပြလူ​​နေမှုစံနစ်မှာ တိုက်ခန်း​​အသစ်​​တွေ ​​ဈေး​​​ကောင်း​​လွန်း​​​နေတာမို့​​ အိမ်ခန်း​​သုံး​​ခန်း​​​တောင်ရှိတဲ့​​ မိတ်​​ဆွေကြီး​​မိသား​​စုခမျာ အိမ်ရှင်နဲ့​​​ပေါင်း​​လို့​​ အ​​ကောင်း​​ကြိး​​ရှိ​​သေး​​တဲ့​​ တိုက်ခန်း​​​တွေကို ညတွင်း​​ချင်း​​ပဲ ပြိုကျ​​တော့​​မ​​ယောင် ဟိန်း​​​ဟောက်ဖယ်ခိုင်း​​ပြီး​​ အထပ်မြင့်​​တိုက်ကြီး​​ ​​ဆောက်​​စေပါတယ်။ ပြီး​​မျ သူ့​​အခန်း​​​တွေကို စိတ်ကြိုက်​​ခေါင်း​​​ခေါက်ပြီး​​ ​​ဒေါင်​​ဒေါင်မြည်​​ဈေး​​​တွေနဲ့​​ ​​ရောင်း​​စား​​၊​ ​​နောက်တစ်ခန်း​​ဝယ်၊​ ကြိုက်​​ဈေး​​ရ​​ရောင်း​​နဲ့​​ ​​ရောင်း​​​ကောင်း​​လိုက်တာ သိပ်မကြာခင်မှာပဲ ​​နေစရာ အိမ်ပိုင်​​တောင် မရှိ​​တော့​​တဲ့​​ဘဝ ​​ရောက်သွား​​ပါ​​လေ​​ရော။ ကု​​ဋေရှစ်ဆယ် သျူ​​ဌေး​​သား​​လို သိုထား​​မတတ် အရပ်ရပ်၌ နဲ့​​မ​​ရောင်း​​တတ် မဝယ်တတ်လို့​​ ဆင်း​​ရဲသွား​​တာမဟုတ်ပါဘူး​​။ ​​ရောင်း​​တတ်ဝယ်တတ်လွန်း​​လို့​​ လက်ထဲတင် ပိုက်ဆံ​​တွေ လုံး​​ပါး​​ပါး​​ပြီး​​ ကုန်တာပါ။ သူ့​​ခမျာ စည်း​​စိမ်​​တောင် ခံစား​​ရတာ မမြင်ဘူး​​။ မန္တ​​လေး​​က မြန်မာ​​တွေ ဆင်​​ခြေဖုံး​​​ရောက်ကုန်တာလည်း​​ ထိုနည်း​​လည်း​​​ကောင်း​​ပဲ ​​နေမှာပါ။

ဥစ္စာဟူသည် မျက်လှည့်​​မျိုး​​ဆိုတဲ့​​ ​​လောကဓံသံ​​ဝေဂ​​တွေကို ဒီ​​ခေတ်ကြီး​​ထဲမျာ​​တော့​​ မကြာခန ​​တွေ့​​ရပါလိမ့်​​မယ်။ ဒီက​​နေ့​​ ဒီအချိန်မှာ ​​ချွေတာစု​​ဆောင်း​​ သူ​​ဌေး​​​လောင်း​​ဆိုတာ မဖြစ်နိုင်​​တော့​​ဘူး​​​လေ။ ဆယ်တန်း​​​အောင်ကာစက သူ့​​သား​​ကြီး​​​နောင်​​ရေး​​​ကျောင်း​​စား​​ရိတ်ကို စိတ်ပူရှာတဲ့​​အ​​မေဟာ မြန်မာ့​​စီး​​ပွား​​​ရေး​​ဘဏ်က ကျပ်တစ်ရာတန် ​​ငွေစုလက်မှတ်က​​လေး​​​တွေ ဝယ်ဝယ်စုထား​​ပါတယ်။ ၁၂ နှစ်ကြာရင် ​​ခြောက်ရာကျပ်ကြီး​​များ​​​တောင် ဖြစ်လာမှာတဲ့​​။ အခု​​တော့​​ အဲဒီ​​ငွေစုလက်မှတ်က​​လေး​​​တွေမြင်တိုင်း​​ ပြံုး​​မိတယ်။ အသက်​​လေး​​ဆယ့်​​ငါး​​နှစ်ထဲက ပညာတတ် အရာရှိ ဆရာဝန်ကြီး​​ခမျာ ဘယ်ဘဏ်မှာမှ တစ်ကျပ်တစ်ပြား​​ စာရင်း​​ဖွင့်​​ထား​​တာ မရှိ​​သေး​​ဘူး​​။ ​​ကောင်း​​​တော့​​ အ​​ကောင်း​​သား​​။ ပိုက်ဆံ​​တွေ သိမ်း​​​တော့​​မှာတဲ့​​။ ဘဏ်​​တွေ ​​ဒေဝါလီခံပြီတဲ့​​လို့​​ ​​ကောလာဟလ​​တွေ ကြား​​တိုင်း​​ “ တို့​​က​​တော့​​ ပူ​​ပေါင်ဗျာ” လို့​​ မိန့်​​မိန့်​​ကြီး​​ ​​ပြောလို့​​ရတာ​​ပေါ့​​။ ချက်စာအုပ်ဆိုတာ​​တောင် ဘူတန်သွား​​တုန်း​​ကမှ ပထမဆုံး​​ စကိုင်ဖူး​​တာ။ ဆက်ကြွား​​​နေရင် ဓါး​​ပြလာတိုက်မှာစိုး​​လို့​​ ဆက်ဦး​​စို့​​။

ဒါ​​ကြောင့်​​မို့​​လို့​​ ဆင်း​​ရဲနွမ်း​​ပါး​​မှု​​တွေ ​​လျှော့​​ချဖို့​​ဆိုရင် တည်ငြိမ်တဲ့​​ ​​ငွေ​​ကြေး​​နဲ့​​ တည်ငြိမ်တဲ့​​​ဈေး​​ကွက်ရှိ​​နေဖို့​​ မလိုဘူး​​လား​​လို့​​ ​​တွေး​​မိပါတယ်။ “ဒါဆိုရင်​​တော့​​ အဲဒါ​​တွေ တည်ငြိမ်ဖို့​​ တည်ငြိမ်တဲ့​​အစိုး​​ရ ရှိဖို့​​လိုတာ​​ပေါ့​​” လို့​​ ဝမ်း​​သာအား​​ရ နှပ်​​ကြောင်း​​​ပေး​​လာရင်​​တော့​​ “ သိပ်လိုတာ​​ပေါ့​​” လို့​​ အား​​ရပါး​​ရ ​​ထောက်ခံလိုက်ပါ့​​မယ်။ ​​ခေတ်ကာလစီး​​ပွား​​​ရေး​​ဆိုတာ ဝမ်း​​ဘဲ​​ဆေး​​​ပေါ့​​လိပ်တို့​​ နဝရတ်​​ရေစင်​​သွေး​​​ဆေး​​တို့​​ ​​ခေတ်တုန်း​​ကလို လူတစ်​​ယောက်တစ်ပြား​​မြတ်၊​ လူတစ်သိန်း​​​သောက်ရင် ရက်တစ်ရာကြာ​​တော့​​ တစ်သိန်း​​မြတ်မယ်ဆိုတဲ့​​ လူထုအ​​ခြေပြု​​ဈေး​​ကွက်စီး​​ပွား​​​ရေး​​မဟုတ်ဘူး​​။ ပိတ်ထား​​တဲ့​​စီး​​ပွား​​​ရေး​​ အခွင့်​​အလမ်း​​​တွေကို ​​ရွှေ​​သော့​​နဲ့​​ ဖွင့်​​ဖွင့်​​ပြီး​​ဝင်သွား​​ရတဲ့​​ ​​ကျော​​ထောက်​​နောက်မှီ စီး​​ပွား​​​ရေး​​ဖြစ်​​နေပြီ။ ဒါ​​ကြောင့်​​မို့​​ ဒီက​​နေ့​​​ခေတ် ​​ဇောတိက ဇဋိလကြီး​​​တွေလည်း​​ အ​​ခြေယိုင်တဲ့​​အထဲပါသွား​​ရင် ​​နောက်တ​​နေ့​​ မာဒင်္ဂဘဝနဲ့​​ ​​ထောင်နန်း​​စံချင်စံရတတ်ပါတယ်။

ဒီလိုအဖြစ်မျိုး​​မ​​ရောက်ရ​​လေ​​အောင် ဆင်း​​ရဲနွမ်း​​ပါး​​မှု​​လျှော့​​ချ​​ရေး​​ဆိုပြီး​​ လူမွဲ​​တွေအ​​ပေါ် ​​စေတနာထား​​လာကြတဲ့​​အခါ သား​​သား​​တို့​​ကလည်း​​ အဲဒီကိစ္စအတွက်ပဲ ​​ကျေး​​ဇူး​​ရှင် အစိုး​​ရအဖွဲ့​​ကြီး​​ တည်ငြိမ်​​စေ​​ကြောင်း​​ တည်မြဲ​​စေ​​ကြောင်း​​ ဆု​​တောင်း​​​မေတ္တာများ​​ ပြန်လည်ပို့​​သအပ်ပါတယ်။ ဘိုး​​​တော်ကြီး​​များ​​က ကဒါဖီး​​​လောက် ​​စေတနာရှိရင်​​တော့​​ သား​​သား​​တို့​​လည်း​​ လစ်ဗျား​​​လောက်​​တော့​​ ချမ်း​​သာမှာ​​ပေါ့​​။ မူဂါဘီ​​လောက် သ​​ဘော​​ကောင်း​​ရင်​​တော့​​ ဇင်ဘာ​​ဘွေ​​လောက် ကြီး​​ပွား​​ဦး​​မှာ​​ပေါ့​​။ အထက်က ​​မေတ္တာ​​ဝေလာတဲ့​​အခါ ​​အောက်ကလည်း​​ ​​မေတ္တာများ​​ ပြန်လည်ပို့​​သလိုက်ရ​​ကြောင်း​​ပါ။

( သူများ​​အား​​မကိုး​​ပဲ ကိုယ့်​​ဒူး​​ကိုယ်ချွန် ကြီး​​ပွား​​ချမ်း​​သာလိုတဲ့​​လူငယ်​​တွေအတွက်​​တော့​​ အသိဉာဏ်တိုး​​​အောင် စာ​​တွေဖတ်သင့်​​ပါတယ်လို့​​ ပလီပလာမ​​နှောပဲ ​​ပြောလိုက်ပါရ​​စေ။ ညကျရင် နဂါး​​နီပြန်ဆိုကြည့်​​ ပိုအရသာရှိလာလိမ့်​​မယ်။)

စိုးမင်း

LEAVE A REPLY

Please enter your comment!
Please enter your name here