အိန္ဒိယ​ဆေး​ရုံ မီး​​လောင်မှု ရ၃ ဦး​​သေဆုံး​

alt

အိန္ဒိယ နိုင်ငံတွင် ​ဆေး​ရုံမီး​​လောင်မှုတစ်ခု ဖြစ်ပွား​ရာ လူ​ပေါင်း​ ရ၃ ဦး​ ​သေဆုံး​သွား​​ကြောင်း​ သိရှိရသည်။

အထူး​သဖြင့်​ လူနာ​စောင့်​များ​သည် ​ဘေး​လွတ်ရာ ထွက်​ပြေး​စဥ် မလှုပ်ရှား​နိုင်​သော လူနာများ​ကို စွန့်​ပစ်ခဲ့​ရာ လူနာ အများ​အပြား​ မီး​ခိုး​မွှန်၍ ​သေဆုံး​ခဲ့​​ကြောင်း​ အာဏာပိုင်များ​က ဆိုသည်။ နိုင်ငံ အ​ရှေ့​ပိုင်း​ရှိ ကိုကတ္တား​တွင် ဖြစ်ပွား​​သော မီး​​လောင်မှုတွင် ကယ်ဆယ်​ရေး​ များ​သည် ရုတ်တရက် ​ဆေး​ရုံထဲ ၀င်မရဘဲ ဖြစ်​နေပြီး​ အတွင်း​မှ ဆူညံ​သော ​အော်ဟစ်တိုင်တည်သံများ​ကို အတိုင်း​သား​ ကြား​​နေရသည်။ “အဖြစ်အပျက်က ဆိုး​လွန်း​တယ်။

ကျွန်​တော်တို့​ တတ်နိုင်သမျှ​တော့​ ကြိုး​စား​ခဲ့​ပါတယ်”ဟု အ​နောက်ဘင်္ဂလား​ ​ဒေသ၏ ဝန်ကြီး​ချုပ် မာမာတာ ဘနာဂျီက ​ပြောကြား​ခဲ့​သည်။ ယခုသီတင်း​ပတ်အတွင်း​ ​လောင်ကျွမ်း​​သော မီး​အတွင်း​ ရ၃ ဦး​ ​ သေဆုံး​ပြီး​ ယင်း​တို့​အနက် ၃ ဦး​သည် ​ဆေး​ရုံမှ အလုပ်သမား​များ​ဟု သိရသည်။ မီး​​လောင်ချိန်တွင် ခုတင် ၁၉၀ ဆန့်​ ​ဆေး​ရုံအတွင်း​ လူနာ ၁၆၀ ရှိ​နေ​ကြောင်း​လည်း​ သိရသည်။

မီး​သည် ​ဆေး​ရုံ၏ ​မြေတိုက်ခန်း​မှ စတင်လာခြင်း​ဖြစ်ပြီး​ မီး​​လောင်ကျွမ်း​ရသည့်​ အ​ကြောင်း​ရင်း​ကို ရုတ်တရက် မသိရှိ​သေး​ဟုလည်း​ သတင်း​များ​က ​ဖော်ပြသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here