ဘိုလီး​ဗီး​ယား​တွင် ပရန်း​ညား​ငါး​များ​ အကိုက်ခံ၍ ​သေ​ကြောင်း​ကြံမှုဖြစ်ပွား​

alt

ဘိုလီး​ဗီး​ယား​နိုင်ငံမှ လူငယ်တစ်ဦး​သည် သား​စား​ကြူး​​သော ပရန်း​ညား​ငါး​များ​၏ ကိုက်ခဲမှုကို တမင်ခံယူကာ ​သေ​ကြောင်း​ကြံသွား​သည်ဟု ယူဆရ​ကြောင်း​ သိရှိရသည်။

အသက် ၁၈ နှစ်သာ ရှိ​ သေး​​သော ​အော်စကာ ဘာဘိုဆာသည် ပရန်း​ညား​ငါး​များ​ ပြည့်​နှက်​နေသည့်​ ယာတာမြစ်​ရေပြင်ထဲသို့​ ရည်ရွယ်ချက်ရှိရှိ ခုန်ချသွား​ခဲ့​သည်။ တံငါသည် တစ်ဦး​ဖြစ်​သော ဘာဘိုဆာသည် အဆိုပါ ငါး​များ​၏ သ​ဘောသဘာဝကို ​ကောင်း​​ကောင်း​ သိရှိထား​ပြီး​ဖြစ်သည်။

နိုင်ငံ အ​ရှေ့​ပိုင်း​ရှိ မြစ်ထဲတွင် ​သေဆုံး​သွား​​သော ဘာဘိုဆာ၏ အ​လောင်း​တွင် မျက်နှာနှင့်​ လည်​ချောင်း​ ​နေရာများ​ တစ်ဝိုက် ဆိုး​ဆိုး​ရွား​ရွား​ အကိုက်ခံထား​ရသည်ကို ​တွေ့​ရသည်။ ​ဒေသခံ ရဲတပ်ဖွဲ့​ အကြီး​အကဲ ဒန်နီရယ် ကာယာရီက အဆိုပါ လူငယ်သည် အနီ​ရောင် ပရန်း​ညား​ငါး​များ​ ယခုရာသီတွင် မြူး​ ကြွ​ပျော်ပါး​တတ်သည်ကို ​ကောင်း​စွာ သိရှိထား​ပြီး​ဖြစ်​ကြောင်း​ ​ပြောဆိုခဲ့​သည်။

၁၄ လက်မထိ အရှည်ရှိ​သော ငါး​များ​တွင် ရှည်လျား​ချွန်မြသည့်​ သွား​များ​ရှိပြီး​ အုပ်စုလိုက် တိုက်ခိုက်တတ်သူများ​ ဖြစ်သည်။ ကာယာရီက ဘာဘိုဆာသည် ​သေဆုံး​ချိန်က အရက်​သောက်ထား​ဟန် ရှိ​ကြောင်း​လည်း​ ဆိုသည်။ ပရန်း​ညား​ ငါး​များ​သည် ​မြွေကြီး​များ​၊ ကျား​သစ်ကဲ့​သို့​ သတ္တဝါကြီး​များ​ကိုပင် မိနစ်ပိုင်း​အတွင်း​ တစ်စစီဖြစ်​အောင် ကိုက်ဖြတ်ဝါး​မြိုနိုင်သည့်​ သား​စား​ငါး​များ​ ဖြစ်ကြသည်။

သို့​​သော်လည်း​ ၎င်း​တို့​သည် လူကို ​သေ​လောက်​အောင် တိုက်ခိုက်မှုမျာ ရှား​ပါး​သည်။ ဘရာဇီး​ လ်နိုင်ငံရှိ မြစ်​ချောင်း​ကမ်း​​ခြေတစ်ခုတွင်မူ ပရန်း​ညား​ငါး​များ​ ရာနှင့်​ချီ ကျူး​​ကျော်ဝင်​ရောက်လာခြင်း​​ကြောင့်​ ​ရေကူး​သူများ​ အကိုက်ခံရပြီး​ ဒဏ်ရာရရှိခဲ့​ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here