လင်​ဆေး​လိုဟန်၏ Playboy ဓာတ်ပုံများ​ အင်တာနက်တွင် ကြိုတင်ပျံ့​နှံ့​

alt

လင်း​​ဆေး​လိုဟန် ရိုက်ကူး​ထား​သည့်​ Playboy မဂ္ဂဇင်း​ ဓာတ်ပုံများ​ အင်တာနက်တွင် ကြိုတင်ပျံ့​နှံ့​လာခဲ့​​ကြောင်း​ သိရှိရသည်။

အ​စောပိုင်း​က Mean Girlsစတား​ အဆို​တော် မင်း​သမီး​၏ ဓာတ်ပုံများ​သည် ဒီဇင်ဘာ ၁၅ ရက်​နေ့​တွင် မဂ္ဂဇင်း​ စတင်ထုတ်​ဝေခြင်း​ မပြုမီ လျှို့​ဝှက်ထား​​သော်လည်း​ ယခုလို ပျံ့​နှံ့​လာခြင်း​ဖြစ်သည်။

Playboyသည် လိုဟန်၏ ဓာတ်ပုံများ​ကို ဇန်နဝါရီ-​ဖေ​ ဖော်ဝါရီ issueအတွက် ရိုက်ကူး​ထား​ခြင်း​ဖြစ်သည်။ အဆိုပါ မဂ္ဂဇင်း​ မျက်နှာဖုံး​တွင် လိုဟန်သည် Playboyတံဆိပ်ဖြင့်​ သူမ၏ ခန္ဓာကိုယ်ကို ဖုံး​ကွယ်ထား​သည်ကို မြင်နိုင်သည်။ အသက် ၂၅ နှစ်ရှိ လိုဟန်သည် သူမ၏ စံနမူနာပြုရာ မင်း​သမီး​​ဟောင်း​ မာရီလင် မွန်ရိုး​ကို အတုယူကာ ပြင်ဆင်ထား​သည်ကို ​တွေ့​ရှိရသည်။

ယခုကဲ့​သို့​ ဓာတ်ပုံများ​ ပျံ့​နှံ့​လာခြင်း​နှင့်​ ပတ်သက်ပြီး​ Playboyက တစ်စုံတစ်ရာ မှတ်ချက်ပြု ​ပြောဆိုခြင်း​ မရှိ​သေး​​ချေ။ ပရိသတ်များ​ကမူ လိုဟန်၏ ရုပ်ပုံသည် ဂန္ဓဝင်ဆန်ပြီး​ မွန်ရိုး​၏ တစ်ချိန်တစ်ခါက လှပမှု အရိပ်အ​ယောင်များ​ကို ပြန်လည် ခံစား​ရ​စေ​ ကြောင်း​ ချီး​ကျူး​ခဲ့​သည်။ သူမကို အဆိုပါ ဓာတ်ပုံများ​ ရိုက်ကူး​ရန် Playboy အယ်ဒီတာချုပ် ဟုဂျ်ဟက်ဖနာက ​ဒေါ်လာ ၁ သန်း​ဖြင့်​ ကမ်း​လှမ်း​ခဲ့​ခြင်း​ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here