မတ်ဇူကာဘတ်၏ ပုဂ္ဂိုလ်​ရေး​ ဓာတ်ပုံများ​ Facebook မှတစ်ဆင့်​ hack လုပ်ခိုး​ယူခံရ

alt

Facebookဝက်ဆိုက် ထူ​ထောင်သူ မတ်ဇူကာဘက်၏ Facebook တွင် တင်ထား​​သောပုဂ္ဂိုလ်​ရေး​ ဓာတ်ပုံများ​ အင်တာနက်တွင် ​ပေါ်ထွက်လာခဲ့​သည်။

အချက်အလက် ​ဝေမျှသည့်​ imgur.com တွင် တင်ထား​သည့်​ အဆိုပါ ပုံများ​သည် ဇူကာဘက်၏ သီး​သန့်​ ကိုယ်​ရေး​ကိုယ်တာ ဓာတ်ပုံများ​ ဖြစ်​နေပြီး​ ဟက်ကာများ​က hack လုပ်ရယူသွား​ခြင်း​ဟု သိရသည်။ အသက် ၂၇ နှစ်ရှိ ဇူကာဘက်သည် ​ပေါင်စတာလင် ၄.၅ သန်း​တန် ကယ်လီဖိုး​နီယား​ ဇိမ်ခံအိမ်ကြီး​တွင် ချစ်သူ ပရင်စလီယာချန်နှင့်​အတူ ရှိ​နေပုံများ​၊ ကြက်တစ်​ကောင်ကို ကိုယ်တိုင်သတ်ပြီး​ ဂုဏ်ယူဝံ့​ကြွား​စွာ ပြသ​နေပုံများ​ကို ​တွေ့​မြင်နိုင်သည်။

ထို့​အပြင် ဇူကာဘက် ကိုယ်တိုင်ချက်ပြုတ်ထား​​သော ကြက်သား​ဟင်း​ကို ပြသ​နေသည့်​ ပုံများ​လည်း​ ပါ၀င်သည်။ The Social Network အမည်ဖြင့်​ အထုပ္ပတ္တိ ဇာတ်ကား​တစ်ခု ရိုက်ကူး​ပြသခြင်း​ပင် ခံထား​ရ​သော ကွန်ပျူတာ ပညာရှင်သည် ၎င်း​ကိုယ်တိုင် သတ်ဖြတ်​သော တိရစ္ဆာန်များ​၏ အသား​ကိုသာ စား​သူဟုလည်း​ နာမည်ကြီး​​နေသည်။

ယခုထွက်​ပေါ်လာသည့်​ ပုံများ​တွင် ချန်နှင့်​ ဇူကာဘက်တို့​ မီး​ဖို​ချောင်ထဲတွင် ချစ်ချစ်ခင်ခင် အပြန်အလှန် ​ငေး​ကြည့်​​နေသည်ကိုလည်း​ ​တွေ့​ရသည်။ ထို့​အပြင် ၎င်း​တို့​နှစ်ဦး​၏ အိမ်​မွေး​​ခွေး​​လေး​ Beastနှင့်​ ​ဆော့​ကစား​​နေ​သော ဓာတ်ပုံများ​ကိုလည်း​ လွှင့်​တင်ထား​​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here