သတို့​​သား​​နှင့်​​ သတို့​​သမီး​​ အချင်း​​ချင်း​​တိုက်ခိုက်ကြသည့်​​ မင်္ဂလာပွဲ

alt

ချက်နိုင်ငံတွင် မင်္ဂလာပွဲ ကျင်း​​ပ​​နေစဉ်အတွင်း​​ သတို့​​သား​​၊​ သတို့​​သမီး​​ အချင်း​​ချင်း​​ ထသတ်သဖြင့်​​ ပွဲပျက်သွား​​​ကြောင်း​​ သိရှိရသည်။

မင်္ဂလာပွဲ စတင်ကျင်း​​ပစဉ်က ​​ပျော်ရွှင်ကြည်နူး​​စရာ အခမ်း​​ အနား​​​လေး​​ ဖြစ်ခဲ့​​​သော်လည်း​​ သတို့​​သား​​နှင့်​​ သတို့​​သမီး​​တို့​​ အချင်း​​ချင်း​​ တိုက်ခိုက်ရန်ပြုရာမှ အကျည်း​​တန်သွား​​​ကြောင်း​​ ချက်ရဲတပ်ဖွဲ့​​မှ ​​ပြော​​ရေး​​ဆိုခွင့်​​ရ အမျိုး​​သမီး​​ ဂျာနာ မာဇူရိုဗာက ​​ ပြောကြား​​ခဲ့​​သည်။

“သတို့​​သား​​​ရော၊​ သတို့​​သမီး​​ပါ အရက်​​သောက်ထား​​တယ်။ ရန်ဖြစ်ပြီး​​​တော့​​ နှစ်​​ယောက်လုံး​​ ဒဏ်ရာဒဏ်ချက်​​တွေနဲ့​​ ကျန်ခဲ့​​တယ်”ဟု ဂျာနာကဆိုသည်။ အသက် ၃၁ နှစ်ရှိ သတို့​​သမီး​​နှင့်​​ ၂၂ နှစ်အရွယ် သတို့​​သား​​တို့​​သည် ပရက်ဂ်မြို့​​မှ ​​တောင်ဘက် ကီလိုမီတာ ၁၀၀ အကွာရှိ ဟက်လီ​​ကော့​​တွင် လက်ထပ်မင်္ဂလာ ​​ဆောင်နှင်း​​ကြခြင်း​​ဖြစ်သည်။ “သတို့​​သမီး​​က အရက်​​သောက်ထား​​တာ စစ်ဖို့​​ ​​တော်​​တော်ငြင်း​​တယ်။ ရဲ​​တွေက သူ့​​​ယောက်ျား​​ကလည်း​​ ပြဿနာ ရှာမယ်လို့​​ ထင်​​နေတာ”ဟု ဂျာနာကဆိုသည်။

အဆိုပါ စုံတွဲသည် ဒဏ်​​ငွေချမှတ်ခြင်း​​ ခံခဲ့​​ရ​​ ကြောင်း​​လည်း​​ သိရသည်။ ဂျာနာက ယင်း​​မင်္ဂလာစုံတွဲ ကွာရှင်း​​ပြတ်စဲသည်ဆို​​သော သတင်း​​မျိုး​​မူ မရရှိ​​ကြောင်း​​လည်း​​ ​​ပြောဆိုသွား​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here