အ​​မေရိကန်တွင် ရိုက်ကူး​​​သော အပြာရုပ်ရှင်များ​​တွင် ကွန်ဒုံး​​အသုံး​​ပြုရဖွယ်ရှိ

alt

အ​​မေရိကန် နိုင်ငံတွင် ရိုက်ကူး​​​သော အပြာရုပ်ရှင်များ​​တွင် ကွန်ဒုံး​​အသုံး​​ပြုရဖွယ် ရှိ​​နေ​​ကြောင်း​​ သိရသည်။

ညစ်ညမ်း​​ဇာတ်ကား​​ အများ​​စု ရိုက်ကူး​​ထုတ်လုပ်ရာတွင် ကွန်ဒုံး​​သုံး​​စွဲခြင်း​​ မရှိ​​ သော်လည်း​​ ၂၀၁၂ ခုနှစ်၊​ ဇွန်လတွင် ပြုလုပ်မည့်​​ မဲ​​ပေး​​ပွဲအတွင်း​​ အဆိုပါ ကိစ္စအတွက် အဆိုတင်သွင်း​​ရန် စီစဉ်​​နေကြသည်။

AIDS​​ရောဂါ ကာကွယ်တား​​ဆီး​​​ရေး​​ လှုပ်ရှား​​သူများ​​က ဦး​​စီး​​ကာ ရုပ်ရှင်များ​​တွင် ကွန်ဒုံး​​သုံး​​စွဲမှုကို ထည့်​​သွင်း​​ရိုက်ကူး​​ရန် ​​ဆော်ဩမှုများ​​ ပြုလုပ်​​နေသည်။ အချို့​​ကလည်း​​ ယခုကိစ္စသည် ကွန်ဒုံး​​​ရောင်း​​ချသည့်​​ လုပ်ငန်း​​ကြီး​​များ​​က မိမိတို့​​ပစ္စည်း​​ ​​ရောင်း​​စွံ​​စေရန် အဆန်း​​ထွင်​​နေခြင်း​​ဟု ​​ဝေဖန်​​နေသည်။ ​​

လော့​​စ်အိန်ဂျယ်လိစ် မြို့​​​တော်သည် အ​​မေရိကန်၏ ညစ်ညမ်း​​ဇာတ်ကား​​များ​​ ထုတ်လုပ်သည့်​​လုပ်ငန်း​​ အဓိက အ​​ခြေစိုက်ရာ ​​ဒေသလည်း​​ဖြစ်သည်။ အပြာရုပ်ရှင် ဇာတ်ကား​​ ထုတ်လုပ်သူများ​​သည် ပြီး​​ခဲ့​​သည့်​​ နှစ်ပိုင်း​​များ​​အတွင်း​​ ပြည်သူ့​​ကျန်း​​မာ​​ရေး​​ အာဏာပိုင်များ​​၏ ဆန့်​​ကျင်ဘက် ဖိအား​​​ပေး​​မှုများ​​နှင့်​​ ရင်ဆိုင်လာရပြီး​​ ယခုအခါတွင်လည်း​​ ကွန်ဒုံး​​သုံး​​စွဲ​​ရေး​​ လှံု့​​​ဆော်မှုများ​​နှင့်​​ ကြံု​​နေရသည်။

အသက် ၂၅ နှစ်ရှိ အပြာရုပ်ရှင် သရုပ်​​ဆောင်​​ဟောင်း​​ ဒါရစ်ဘရုသည် ၂၀၁၀ ပြည့်​​နှစ်က ဇာတ်ကား​​ရိုက်ကူး​​ရင်း​​ HIVပိုး​​ ကူး​​စက်ခြင်း​​ ခံရသည်။ ယခုကိစ္စနှင့်​​ ပတ်သက်ပြီး​​ အပြာဇာတ်ကား​​များ​​ ရိုက်ကူး​​ထုတ်လုပ်​​နေသည့်​​ လုပ်ငန်း​​များ​​ဘက်မှ တစ်စုံတစ်ရာ မှတ်ချက်​​ပေး​​မှု မရှိ​​သေး​​​ကြောင်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here