တရုတ်နိုင်ငံတွင် အမျိုး​​သား​​တစ်ဦး​​က က​​လေး​​ငယ် ၄ ဦး​​ကို ဓား​​ဖြင့်​​ထိုး​​သတ်

alt

တရုတ်နိုင်ငံမှ အမျိုး​​သား​​ တစ်ဦး​​သည် ၁၀ နှစ်ဝန်း​​ကျင် က​​လေး​​ငယ် ၄ ဦး​​ကို ဓား​​ဖြင့်​​ အ​​သေထိုး​​သတ်ခဲ့​​​ကြောင်း​​ သိရှိရသည်။

တရုတ်နိုင်ငံ အ​​ရှေ့​​ပိုင်း​​ အန်ဟွန်တွင် က​​လေး​​ ၅ ဦး​​ အဖမ်း​​ခံရပြီး​​ အခန်း​​ငယ် တစ်ခုတွင် ချုပ်​​နှောင်ခြင်း​​ ခံခဲ့​​ရသည်။ ၎င်း​တို့​​အနက် ၄ ဦး​​မှာ ဓား​​ထိုး​​ခံရ၍ ​​သေဆုံး​​ပြီး​​ ကျန်တစ်ဦး​​မှာ ပြင်း​​ပြင်း​​ထန်ထန် ဒဏ်ရာရသွား​​သည်။

ရဲများ​​က မသင်္ကာသူ လူငယ်တစ်ဦး​​ကို ဖမ်း​​ဆီး​​ထား​​​ကြောင်း​​၊​ အဆိုပါ လူငယ်သည် မိခင်ဖြစ်သူနှင့်​​အတူ ရှန်ကွီတွင် ​​နေထိုင်​​ကြောင်း​​ ​​ပြောကြား​​ခဲ့​​သည်။ ယန်ဟုသာ အမည်​​ဖော်ပြ​​သော မြို့​​နယ် အုပ်ချုပ်​​ရေး​​ဌာန ဝန်ထမ်း​​တစ်ဦး​​က ယင်း​​ကိစ္စကို အဘယ်​​ကြောင့်​​ လုပ်​​ဆောင်ခဲ့​​သည်ကို မသိ​​ကြောင်း​​၊​ ရဲများ​​က အမှုကို ကိုင်တွယ် စစ်​​ဆေး​​​နေ​​ကြောင်း​​ ​​ပြောဆိုသွား​​သည်။

ယင်း​​မတိုင်မီကလည်း​​ လယ်သမား​​တစ်ဦး​​သည် စိတ်​​ ဖောက်ပြန်ပြီး​​ က​​လေး​​ ၂ ဦး​​ အပါအဝင် လူ​​ပေါင်း​​ ၆ ဦး​​ကို ပုဆိန်ဖြင့်​​ ခုတ်သတ်ခဲ့​​​သေး​​သည်။ တရုတ်နိုင်ငံတွင် က​​လေး​​များ​​ကို ရန်ပြုမှုသည် စိတ်ပျက်ဖွယ်ရာ ကြီး​​ထွား​​ပျံ့​​နှံ့​​လာပြီး​​ ​​နေ့​​က​​လေး​​ ထိန်း​​ စင်တာ တစ်ခုတွင်လည်း​​ ဓား​​ထိုး​​မှု​​ကြောင့်​​ က​​လေး​​ ၈ ဦး​​ ဒဏ်ရာရခဲ့​​ဖူး​​သည်။ ပြီး​​ခဲ့​​သည့်​​နှစ်က တရုတ်ရှိ ​​ကျောင်း​​များ​​တွင် ကြီး​​မား​​​သော ရန်ပြုတိုက်ခိုက်မှု ၅ ကြိမ် ဖြစ်ခဲ့​​ပြီး​​ က​​လေး​​ ၁၅ ဦး​​ အပါအဝင် ၁၇ ဦး​​ ​​သေဆုံး​​ခဲ့​​​ကြောင်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here