အ​​မေရိကန်အမျိုး​​သမီး​​ ကမ္ဘာ့​​လက်သည်း​​အရှည်ဆုံး​​အဖြစ် စံချိန်တင်

alt

အ​​မေရိကန်နိုင်ငံတွင် ​​နေထိုင်​​သော အသက် ၄၅ နှစ်အရွယ် အမျိုး​​သမီး​​ တစ်ဦး​​သည် ကမ္ဘာ​​ပေါ်တွင် အရှည်ဆုံး​​ လက်သည်း​​များ​​ကို ပိုင်ဆိုင်သူဖြစ်သည်။

သူမသည် လွန်ခဲ့​​​သော ၁၈ နှစ်ကတည်း​​က လက်သည်း​​မညှပ်ဘဲ ထား​​ခဲ့​​ရာ ယခုအခါ သူမ၏ လက်သည်း​​များ​​သည် ၆ မီတာထိ ရှိ​​နေပြီဟု သိရသည်။ အဆို​​တော်နှင့်​​ ဂီတပညာရှင် တစ်ဦး​​ဖြစ်ပြီး​​ Dutchessဟု ​​ခေါ်​​ဝေါ်ခြင်း​​ ခံရ​​သော ခရစ်​​ ဝေါ်တန်သည် ၂၀၁၂ ခုနှစ်အတွက် ကမ္ဘာ​​ပေါ်တွင် လက်သည်း​​အရှည်ဆုံး​​ လူသား​​အဖြစ် ဂင်း​​နစ်မှတ်တမ်း​​ စာအုပ်တွင် တရား​​ဝင် ​​ဖော်ပြခြင်း​​ ခံခဲ့​​ရသည်။

နီဗား​​ဒါး​​ရှိ လက်စ်ဗီး​​ဂက်စ်တွင် ​​ နေထိုင်​​သော ခရစ်သည် “ကျွန်မက​​တော့​​ ဒါကို ​​ယောက်ျား​​​တွေ မုတ်ဆိတ်​​မွေး​​ ရှည်ရှည်ထား​​တာ၊​ ဒါမှမဟုတ် ဆံပင်ရှည်ရှည်ထား​​တာ ဆိုတာ​​လောက်ပဲ သ​​ဘောထား​​တယ်”ဟု ​​ပြောကြား​​ခဲ့​​သည်။ “ကျွန်မက လက်သည်း​​ညှပ်မယ့်​​အစား​​ သူတို့​​ ဘယ်​​လောက်ထိ ရှည်နိုင်လဲဆိုတာ ​​စောင့်​​ကြည့်​​ရင် ​​ကောင်း​​မယ်လို့​​ စိတ်ကူး​​မိရာက ခုလို လက်သည်း​​ရှည်​​တွေ ထား​​ခဲ့​​တာပါ”ဟုလည်း​​ ခရစ်ကဆိုသည်။

သူမသည် ​​မော်​​တော်ကား​​ အင်ဂျင်ကို ပြုပြင်​​နေစဉ်ကမူ တစ်ကြိမ် လက်သည်း​​တစ်​​ချောင်း​​ ကျိုး​​သွား​​​ကြောင်း​​ ​​ပြောကြား​​ခဲ့​​သည်။ သူမသည် လက်သည်း​​များ​​ ရှည်လျား​​​နေ​​ သော်လည်း​​ ​​နေ့​​စဉ် ​​နေထိုင်မှု ပုံစံများ​​အတွက် အခက်အခဲ မ​​တွေ့​​ခဲ့​​ဟုလည်း​​ ​​ပြောဆိုသွား​​သည်။ “ကျွန်မအတွက် ​​အေး​​​ဆေး​​ပါ။ ကျွန်မသမီး​​က သူ ကျွန်မကို ဘာကူရမလဲ လာလာ​​မေး​​တယ်။ ကျွန်မက အား​​လုံး​​လုပ်နိုင်တယ်။ ကျွန်မ စန္ဒရား​​​တောင် တီး​​နိုင်တယ်​​လေ”ဟု ဆိုသည်။

သူမက တစ်ခါတရံ ကွဲပြား​​​သော ဘဝတွင် ​​နေထိုင်ရခြင်း​​သည် ပိုမို​​ကောင်း​​မွန်​​သော အ​​တွေ့​​အကြံုမျိုး​​ကို ပိုင်ဆိုင်လာ​​စေသည်ဟု ယူဆ​​ကြောင်း​​၊​ သူမအတွက် ခက်ခဲမည်ဟု ထင်မှတ်ခဲ့​​​သော အရာသည် လက်​​တွေ့​​တွင် အဆင်​​ချော​​နေသည်ကို လက်​​တွေ့​​ ခံစား​​နား​​လည်လာ​​ကြောင်း​​ ​​ပြောကြား​​သွား​​ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here