Nikita ဇာတ်လမ်း​​တွဲ ရိုက်ကူး​​စဉ် မင်း​​သမီး​​မက်ဂီကျူ လက်​​ချောင်း​​များ​​ကျိုး​​

alt

အာရှဖွား​​ ​​ဟောလီး​​ဝုဒ် မင်း​​သမီး​​ မက်ဂီကျူက သူမသည် နာမည်​​ကျော် ရုပ်ရှင်ဇာတ်လမ်း​​တွဲ Nikitaကို ရိုက်ကူး​​ရင်း​​ လက်​​ချောင်း​​များ​​ ကျိုး​​ခဲ့​​​ကြောင်း​​ ဖွင့်​​ဟ ​​ပြောကြား​​ခဲ့​​သည်။

လူစွန့်​​စား​​ အမျိုး​​သမီး​​တစ်ဦး​​၏ စွန့်​​စား​​ခန်း​​များ​​ကို ပုံ​​ဖော် တင်ဆက်ထား​​​သော Nikita ရုပ်မြင်သံကြား​​ စီး​​ရီး​​များ​​တွင် မက်ဂီသည် လူစား​​မထိုး​​ဘဲ ကိုယ်တိုင် ပါဝင်ရမှ ​​ကျေနပ်သူဖြစ်သည်။

Access Hollywoodနှင့်​​ Liveအင်တာဗျူး​​​သော အစီအစဉ်တွင် သူမက “အဲဒီတုန်း​​က ရိုက်ကွင်း​​မှာ ကျွန်မ ပြုတ်ကျခဲ့​​ပါတယ်။ ​​လှေခါး​​ထစ်​​တွေက​​နေ ​​ချော်ကျတာ​​ပေါ့​​။ ​​တော်​​တော်​​ကြောက်ဖို့​​​ကောင်း​​တယ်။ အဲဒီမှာတင် ကျွန်မရဲ့​​ လက်ညှိုး​​နဲ့​​ လက်ခလယ် ကျိုး​​သွား​​တယ်။ ဖြစ်ထား​​တာ သိပ်​​တောင် မကြာ​​သေး​​ဘူး​​”ဟု ​​ပြောဆိုသွား​​သည်။

သူမ၏ လက်သူကြွယ်မှာ အ​​ကောင်း​​ကျန်​​နေသဖြင့်​​ လက်စွပ်ဝတ်နိုင်ခြင်း​​ကမူ ကံ​​ကောင်း​​​ကြောင်း​​လည်း​​ မက်ဂီက အရွှမ်း​​​ဖောက်ခဲ့​​​သေး​​သည်။

ထို့​​အပြင် သူမက “ကျွန်မကို လက်ထပ်ပါရ​​စေလို့​​ ဘယ်သူကမှ ခွင့်​​မ​​တောင်း​​ဘူး​​ရှင့်​​။ ခွင့်​​​တောင်း​​တဲ့​​သူကလည်း​​ ရူး​​​နေလို့​​ ဖြစ်မှာပါ”ဟု ရယ်ရယ်​​မော​​မော ​​ပြောဆိုသွား​​​သေး​​သည်။ မက်ဂီသည် ​​ဟောင်​​ကောင်မင်း​​သား​​ ဒန်နီရယ်ဝူနှင့်​​ အ​​စောပိုင်း​​က တွဲခဲ့​​​သေး​​​သော်လည်း​​ ​​ရေရှည်မတည်မြဲခဲ့​​​ချေ။ သူမသည် အခြား​​​သော အချစ်ဇာတ်လမ်း​​အချို့​​ ရှိခဲ့​​ဖူး​​​သော်လည်း​​ သူမ၏ လက်​​ပေါ်တွင် မည်သည့်​​အခါကမျှ ​​စေ့​​စပ်လက်စွပ်တစ်ကွင်း​​ မ​​တွေ့​​ခဲ့​​ဖူး​​​ကြောင်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here