အစ္စလာမ် ဘာသာဝင်များ​အတွက် စမတ်ဖုန်း​ ထုတ်လုပ်

alt

အစ္စလာမ် ဘာသာဝင်များ​အတွက် ရည်ရွယ်တီထွင်​သော စမတ်ဖုန်း​ကို စတင်ထုတ်လုပ်လိုက်ပြီဟု သိရသည်။

အဆိုပါ ဖုန်း​တွင် ပါရှိ​သော အိမ်​မြှောင်စနစ်သည် မက္ကာမြို့​သို့​သာ အစဥ်သဖြင့်​ ညွှန်ပြ​နေမည်ဖြစ်ပြီး​ ဖုန်း​အတွင်း​သို့​ ကိုရန်ကျမ်း​စာကိုလည်း​ အလိုအ​လျောက် Downloadပြုလုပ် ထည့်​သွင်း​​ပေး​ထား​မည်ဖြစ်သည်။ အိန္ဒိယ နိုင်ငံရှိ Enmacက အဆိုပါ ဖုန်း​ကို တီထွင်ပြီး​ ဘာသာ​ရေး​ကို နည်း​ပညာ နယ်ပယ်နှင့်​ ​ပေါင်း​စည်း​မှု တစ်ခုဟု ​ပြောကြား​ခဲ့​သည်။

အိန္ဒိယသည် ကမ္ဘာ​ပေါ်တွင် မိုဘိုင်း​ဖုန်း​ သုံး​စွဲသူဦး​​ရေ တိုး​ပွား​မှု အမြန်ဆုံး​ နိုင်ငံလည်း​ဖြစ်ပြီး​ လယ်သမား​များ​၊ အလုပ်ကြမ်း​သမား​များ​ အပါအဝင် လူ​ပေါင်း​ သန်း​ ၈၅၀ ​ကျော်မျှ မိုဘိုင်း​ဖုန်း​ ကိုင်​ဆောင်ထား​သည်။ Enmac၏ တာဝန်ရှိသူ တစ်ဦး​က အိန္ဒိယတွင် အစ္စလာမ် ဘာသာဝင် သန်း​ ၁၈၀ ​ကျော် ရှိ​ နေပြီး​ ယခုမိုဘိုင်း​ဖုန်း​အ​ပေါ် စိတ်ဝင်စား​မှု များ​ပြား​မည်ဟု ယူဆ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

Enmacသည် ကိုရန်ကျမ်း​စာကို အာ​ရေဘစ် ဘာသာမှ အခြား​ဘာသာ ၂၉ ခုသို့​လည်း​ ဘာသာပြန်​ပေး​ရန် စီစဥ်​ပေး​ထား​ပြီး​ဖြစ်သည်။ ထို့​အပြင် တမန်​တော် မိုဟာမက်၏ ​ပြောစကား​များ​နှင့်​ အိန္ဒိယ မွတ်ဆလင်တို့​အတွက် ဘာသာ​ရေး​ဆိုင်ရာ အကြံပြု လမ်း​ညွှန်ချက်များ​ပါ ထည့်​သွင်း​​ပေး​ထား​သည်။ Enmacက လူမှုနယ်ပယ်တွင် အလုပ်များ​​နေသူများ​အတွက် ဘုရား​သခင်နှင့်​ နီး​စပ်​စေရန် နည်း​ပညာက အကူအညီ ​ပေး​နိုင်လိမ့်​မည်ဟု ​ကြေညာခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here